အာဏာရှင်ဟောင်း ဦးသန်းရွှေ၏ သားမက် ဒေါက်တာနေစိုးမောင် ဖမ်းဆီးခံရကြောင်း သတင်းထွက်ခဲ့ပြီး ရက်အတန်ကြာတွင် စစ်ကောင်စီက သူ့ကို ဖမ်းဆီး အမှုဖွင့်ခဲ့ပြီးဖြစ်ကြောင်း ယမန်နေ့ (အောက်တိုဘာ ၂၄) ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။ ၆၇ နှစ်အရွယ် ဒုတိယဗိုလ်မှူးကြီးဟောင်း၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်(ရန်ကုန်) ၏ ပါမောက္ခချုပ်ဟောင်း ဒေါက်တာနေစိုးမောင်သည် “နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်” အွန်လိုင်းလူမှုကွန်ရက်တွင် လှုံ့ဆော် ဝါဒဖြန့်ခဲ့သည် ဟု ထုတ်ပြန်ချက်က ဆိုသည်။ မည်သည့်ပုဒ်မများဖြင့် အမှုဖွင့်ထားသည်ကို ဖော်ပြထားခြင်းမရှိပါ။ ဒေါက်တာနေစိုးမောင်သည် မန္တလေးတိုင်း ဝန်ကြီးချုပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင် ထောင်ဒဏ်နှစ်ရှည်ကျခံရစဉ် သေဆုံးခဲ့မှုနှင့် ပတ်သက်၍ “နောင်ဘဝမှာ လူဖြစ်ခဲ့လျှင်၊ လွတ်လပ်တရားမျှတပြီး လူကိုလူလို ဆက်ဆံတဲ့နိုင်ငံမှာ လူပြန်ဖြစ်ပြီး လူသားတွေရဲ့ အကျိုးကို […]
အာဏာရှင်ဟောင်း ဦးသန်းရွှေ သားမက်လည်းဖြစ် နေရွှေသွေးအောင် ဖခင် ဒေါက်တာ နေစိုးမောင်ကို နိုင်ငံတည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန် လှုံ့ဆော်သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ထားကြောင်း တရားဝင်ထုတ်ပြန်ထားသည်။ ဒေါက်တာ နေစိုးမောင်ကို အောက်တိုဘာလ ၂၃ ရက် ညနေပိုင်းက မရမ်းကုန်မြို့နယ်မှာ ဖမ်းဆီးခဲ့ပြီး ပြည်ကြီးတံခွန်မြို့မရဲစခန်း၌ ထိန်းသိမ်းထားကြောင်း ယမန်နေ့တွင် စစ်ကေင်စီက ထုတ်ပြန်ခဲ့သည်။ Dr Nay Soe Maung Facebook စာမျက်နှာတွင် နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ဆောင်ရွက်ခဲ့၍ ဖမ်းဆီးအရေးယူခြင်းဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။ ဒေါက်တာနေစိုးမောင်သည် အာဏာရှင်ဟောင်း သန်းရွှေ၏ သမီးဖြစ်သူ ဒေါ်ကြည်ကြည်ရွှေနှင့် လက်ထပ်ထားသူဖြစ်ပြီး အာဏာရှင်ဟောင်း သန်းရွှေ၏ အချစ်ဆုံး မြေးတစ်ဦးဖြစ်သော နေရွှေသွေးအောင်၏ ဖခင်လည်းဖြစ်သည်။ ၎င်း၏ ဖခင်မှာ […]