ပေကျင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)ဂျပန်နိုင်ငံတွင် တပ်စွဲထားသော အမေရိကန်စစ်တပ်၏ နောက်ဆုံးရသတင်းများအရ အမေရိကန် ယိုကိုတာ စစ်အခြေစိုက်စခန်းမှ ဩဂုတ်လအတွင်း ယိုစိမ့်ခဲ့သည့် အန္တရာယ်ရှိသော ရေဆိုးများသည် အနီးနားရှိ တိုကျို၊ Fussa မြို့သို့ စီးဆင်းသွားနိုင်ဖွယ်ရှိသည်ဟု ဂျပန်မီဒီယာများက အောက်တိုဘာ ၁၈ ရက်တွင် ဖော်ပြခဲ့သည်။ တိုကျိုမြို့တော်အစိုးရသည် အများပြည်သူသုံးရေနှင့် မြေအောက်ရေညစ်ညမ်းမှုအခြေအနေကို စုံစမ်းစစ်ဆေးရန် ဂျပန်ဗဟိုအစိုးရအား တောင်းဆိုခဲ့ကြောင်း သိရသည်။ ယခုနှစ် ဩဂုတ်လက မိုးသည်းထန်စွာ ရွာသွန်းမှုအတွင်း အမေရိကန် ယိုကိုတာ စစ်အခြေစိုက်စခန်း ရေသိုလှောင်ကန်မှ Per- and polyfluoroalkyl substances (PFAS) ပါဝင်သော လီတာ ၄၇,၀၀၀ ခန့် ရှိသည့် ညစ်ညမ်းရေ ယိုစိမ့်မှုဖြစ်ပွါးကာ ရေဆိုးတချို့သည် ရေနုတ်မြောင်းမှတစ်ဆင့် အခြေစိုက်စခန်းအပြင်သို့ […]