အာဆင်နယ်ဂန္တဝင်ဂိုးသမားကြီး ယန်း လေမန်းက စပိန်ကို ရှုံးနိမ့်ပြီး ကွာတားဖိုင်နယ်အဆင့်ကနေ အိမ်ရှင် ဂျာမနီတို့ ယူရို ၂၀၂၄ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် ရောဘတ် အန်းဒရစ်ချ်ရဲ့ ဆံပင်ပုံစံအသစ်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့ပြီး ယူအီးအက်ဖ်အေကို ပန်းရောင်ဆံပင်အရောင်ထားတာကို ပိတ်ပင်ဖို့ တောင်းဆိုခဲ့ပါတယ်။ လေဗာကူဆင်ကြယ်ပွင့် အန်းဒရစ်ချ်က စပိန်နဲ့ တွေ့ဆုံယှဉ်ပြိုင်ခဲ့တဲ့ သောကြာနေ့ညပွဲမတိုင်ခင် နောက်ဆုံး လေ့ကျင့်ရေးအစီအစဉ်မှာ ပန်းရောင်ဆိုးထားတဲ့ ဆံပင်ပုံစံသစ်ကို ပြသခဲ့တာဖြစ်ပြီး ကွင်းလယ်ကစားသမားရဲ့ ဆံပင်ပုံစံဟာ ဘောလုံးဝေဖန်သူ၊ ကစားသမားဟောင်းတွေနဲ့ ပရိသတ်တွေကြားမှာ လှောင်ပြောင်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲအစောပိုင်းမှာ လေဗာကူဆင်ကြယ်ပွင့်က ပလက်တီနမ်ရွှေအိုရောင်ရင့်ရင့် ဆံပင်အရောင်ကို ရွေးချယ်ခဲ့တာဖြစ်ပြီး အန်းဒရစ်ချ်က သောကြာနေ့ည ပွဲမတိုင်ခင် ဂျာမနီအသင်းကစားခဲ့တဲ့ ၄ ပွဲစလုံးမှာ ပါဝင်ကစားပေးခဲ့တာဖြစ်ပေမယ့်လည်း နာဂယ်စ်မန်းရဲ့အသင်းက ကိုယ့်မြေကိုယ့်ရေမှာ အသည်းကွဲခဲ့ရတဲ့ပွဲမှာတော့ အရန်ခုံမှာ ချန်လှပ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း […]