ဂါဇာကမ်းမြောင်ဒေသနဲ့ လက်ဘနွန်နိုင်ငံအပေါ် အစ္စရေးဆက်လက်စစ်ဆင်နေချိန်မှာပဲ ဂါဇာမှာ အစ္စရေးစစ်တပ်က စစ်ရာဇဝတ်မှု၊ လူသားထုအပေါ် ကျူးလွန်တဲ့အမှုတွေ ချိုးဖောက်နေတယ်လို့ Human Rights Watch အဖွဲ့ကြီးက စွပ်စွဲလိုက်ပါတယ်။ ဂါဇာဒေသမှာ ပါလက်စတိုင်းပြည်သူတွေ ဘေးလွတ်ရာ မဖြစ်မနေပြောင်းရအောင် အကြိမ်ကြိမ် လုပ်နေတာဟာ အတင်းအကြပ်ပြောင်းရွှေ့စေတဲ့ စစ်ရာဇဝတ်မှုမြောက်တယ်လို့ HRW အဖွဲ့က ဒီနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ပြောထားပါတယ်။ ထားခဲ့ရတဲ့နေရာတွေမှာလည်း ပြန်နေလို့မရတဲ့ အခြေအနေမျိုး ဖျက်ဆီးပစ်တာဟာ လူမျိုးပြုတ်အောင်ရှင်းလင်းမှုဆိုတဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီနေပုံရတယ်လို့လည်း ဖော်ပြထားပါတယ်။ လူတွေမဖြစ်မနေ ပြောင်းရွှေ့ကြရအောင် တွန်းအားပေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတာကို HRW ကစုံစမ်းတွေ့ရှိကြောင်းနဲ့ ဒီလိုဆောင်ရွက်မှုတွေဟာ အစ္စရေးအစိုးရ စနစ်တကျလုပ်နေတဲ့မူဝါဒ တစိတ်တပိုင်းဖြစ်တယ်ဆိုတဲ့ အထောက်အထားတွေ ပြသနေတယ်လို့ အစီရင်ခံစာမှာ ပြောထားပါတယ်။ HRW ရဲ့ အစီရင်ခံနဲ့ပတ်သက်လို့ အစ္စရေးဘက်က တစုံတရာ […]
ကျေနပ်လက်ခံလောက်တဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်မရမချင်း လက်ဘနွန်နဲ့ အစ္စရေး မြောက်ပိုင်းမှာအစ္စရေးတပ်တွေကို ဆက်တိုက်သွားမယ်လို့ ဟက်ဇဘိုလာခေါင်းဆောင်သစ် Naim Kassem က ဗုဒ္ဓဟူးနေ့က ပြောလိုက်ပါတယ်။ ထိုက်သင့်ပြီး လက်ခံနိုင်လောက်တဲ့ သတ်မှတ်ချက် အောက်မှာ အစ္စရေးဘက်က ရန်စမှုတွေကို ရပ်တန့်ရပါလိမ့်မယ်လို့ ဟစ်ဇဘိုလာခေါင်းဆောင်သစ်က အသင့်သွင်းထားတဲ့ ရုပ်သံလွှင့်ထုတ်ချက်မှာ ပြောထားတာပါ။ ဘယ်လောက်ပဲ ကြာပါစေ တိုက်ခိုက်မှုတွေ ဆက်လုပ်ပြီး အပစ်အခတ်ရပ်စဲဖို့တော့ တောင်းပန်နေမှာ မဟုတ်ဘူးလို့လည်းသူက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ဘေရွတ်မြို့ဆင်ခြေဖုံး တခုမှာ အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ဟက်ဇဘိုလာ ခေါင်းဆောင် Hassan Nasrallh သေဆုံးခဲ့ပြီး သူ့နေရာကို အခု ခေါင်းဆောင်သစ်နဲ့ အစားထိုးခန့်အပ်လိုက်တာပါ။ အခုခေါင်းဆောင်သစ် Kassem ဟာ လုပ်ကြံခံရတဲ့ ယခင်ခေါင်းဆောင် Nasrallah ရဲ့ လက်ထောက်အဖြစ် နှစ်သုံးဆယ်ကျော် ကြာ […]
လက်ဘနွန်နိုင်ငံမြို့တော်မှာ ဟက်ဇ်ဘူလာအဖွဲ့ရဲ့ ကွပ်ကဲရေးဌာနလို့ဆိုတဲ့ နေရာတခုကို အစ္စရေးက ဒီကနေ့ ပစ်မှတ်ထား တိုက်ခိုက်နေသလို၊ ဂါဇာဒေသမှာတော့ လေကြောင်းတိုက်ခိုက်မှု တကြိမ်တည်းမှာတင် လူ ၇၃ ယောက် သေဆုံးကြောင်း အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေက ပြောလိုက်ပါတယ်။ အီရန်က အားပေးထောက်ခံနေတဲ့ ဟက်ဇ်ဘူလာအဖွဲ့ဟာ နေအိမ်ကို ပစ်မှတ်ထားတိုက်ခိုက်ပြီး လုပ်ကြံဖို့ကြိုးစားခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က စွပ်စွဲခဲ့ပြီးနောက်ပိုင်း ဘေရွတ်မြို့တော်က အမာခံစခန်းကို အစ္စရေးက တိုက်ခိုက်ခဲ့တာပါ။ ဂါဇာစစ်ပွဲ စတင်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက် ဟားမတ်စ်တွေရဲ့ ကျုးကျော်တိုက်ခိုက်မှု ကြုံခဲ့ရတဲ့ ဂျူးလူမျိုးတွေရဲ့ ရက်ရှည်အားလပ်ရက် Sukkot ကာလနဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဘေရွတ်မြို့တော်မှာ အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း Haret Hreik အရပ်က ဆေးရုံနဲ့ […]
ဟာမတ်စ်ထိပ်တန်းခေါင်းဆောင် ယာယာ စင်ဝါ (Yahya Sinwar)ဟာ ဂါဇာက အစ္စရေးတပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့ သေဆုံးသွားပြီဖြစ်ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီး က အတည်ပြုပြောကြားလိုက်ပါတယ်။ Source link