ylliX - Online Advertising Network
ဂါဇာမှာ လူသားထုအပေါ်ကျူးလွန်တဲ့ပြစ်မှုတွေ အစ္စရေး ချိုးဖောက်နေ

ဂါဇာမှာ လူသားထုအပေါ်ကျူးလွန်တဲ့ပြစ်မှုတွေ အစ္စရေး ချိုးဖောက်နေ



ဂါဇာကမ်းမြောင်ဒေသနဲ့ လက်ဘနွန်နိုင်ငံအပေါ် အစ္စရေးဆက်လက်စစ်ဆင်နေချိန်မှာပဲ ဂါဇာမှာ အစ္စရေးစစ်တပ်က စစ်ရာဇဝတ်မှု၊ လူသားထုအပေါ် ကျူးလွန်တဲ့အမှုတွေ ချိုးဖောက်နေတယ်လို့ Human Rights Watch အဖွဲ့ကြီးက စွပ်စွဲလိုက်ပါတယ်။

ဂါဇာဒေသမှာ ပါလက်စတိုင်းပြည်သူတွေ ဘေးလွတ်ရာ မဖြစ်မနေပြောင်းရအောင် အကြိမ်ကြိမ် လုပ်နေတာဟာ အတင်းအကြပ်ပြောင်းရွှေ့စေတဲ့ စစ်ရာဇဝတ်မှုမြောက်တယ်လို့ HRW အဖွဲ့က ဒီနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ပြောထားပါတယ်။ ထားခဲ့ရတဲ့နေရာတွေမှာလည်း ပြန်နေလို့မရတဲ့ အခြေအနေမျိုး ဖျက်ဆီးပစ်တာဟာ လူမျိုးပြုတ်အောင်ရှင်းလင်းမှုဆိုတဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီနေပုံရတယ်လို့လည်း ဖော်ပြထားပါတယ်။

လူတွေမဖြစ်မနေ ပြောင်းရွှေ့ကြရအောင် တွန်းအားပေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတာကို HRW ကစုံစမ်းတွေ့ရှိကြောင်းနဲ့ ဒီလိုဆောင်ရွက်မှုတွေဟာ အစ္စရေးအစိုးရ စနစ်တကျလုပ်နေတဲ့မူဝါဒ တစိတ်တပိုင်းဖြစ်တယ်ဆိုတဲ့ အထောက်အထားတွေ ပြသနေတယ်လို့ အစီရင်ခံစာမှာ ပြောထားပါတယ်။

HRW ရဲ့ အစီရင်ခံနဲ့ပတ်သက်လို့ အစ္စရေးဘက်က တစုံတရာ တုံ့ပြန်ခြင်းမရှိသေးပေမဲ့ အစ္စရေးစစ်တပ် အနေနဲ့ နိုင်ငံတကာဥပဒေတွေအတိုင်း လိုက်နာဆောင်ရွက်နေတယ်လို့ အစ္စရေးအာဏာပိုင်တွေက အရင်က ပြောကြားခဲ့ပါတယ်။ အရပ်သားတွေတိုက်ပွဲတွေကြား ပိတ်မိမနေအောင်နဲ့ စစ်ရေး ရည်မှန်းချက်တွေအတိုင်း ဆောင်ရွက်နိုင်အောင် နေရာပြောင်းရွှေ့မှုတွေလုပ်ဖို့ မဖြစ်မနေ လိုအပ်တယ်လို့ အစ္စရေးဘက်က ပြောကြားထားပါတယ်။

အစ္စရေးစစ်တပ်အနေနဲ့ ဘေးလွတ်ရာသွားကြတဲ့ လမ်းကြောင်းတလျှောက် တိုက်ခိုက်တာ၊ ဘေးကင်းဇုံ လို့ဆိုတဲ့ နေရာတွေအပေါ် ဗုံးကြဲတာ၊ အစားအသောက်တွေ ဖြတ်တောက်တာတွေ လုပ်နေချိန်မှာ ပါလက်စတိုင်းပြည်သူတွေ လုံခြုံဘေးကင်းစေအောင်လုပ်နေပါတယ်လို့ ပြောနေလို့ မရဘူးလို့ Human Rights Watch သုတေသီ Nadia Hardman ကပြောကြားခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသထဲမှာ နေရာအများအပြားကို လုံးဝ နေလို့မရအောင် ဖြိုဖျက်ထားတာကြောင့် ပါလက်စတိုင်းပြည်သူတွေ နေအိမ်တွေပြန်နိုင်ရမယ်ဆိုတဲ့ အချက်ကို အစ္စရေးက ပြောင်ပြောင် တင်းတင်း ချိုးဖောက်ခဲ့တယ်လို့ သူကပြောပါတယ်ရှင်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *