ရုတ်တရက် ပုခုံးအဆစ်က ပြင်းပြင်းထန်ထန်နာလာပြီး၊ လှုပ်မရ မြှောက်မရ၊ အိပ်လည်းမရဟု ဆေးခန်းကို ပြေးလာကြသည်များမကြာခဏ ကြုံလာရပြီး ရောဂါရှာဖွေရာတွင် ကျောက်အောင် နေသည်ကိုတွေ့ရတတ်ပါသည်။ကျောက်တည်နေတယ်ဟု ရှင်းပြလျှင် ဗိုက်ထဲမှာတည်တယ်ပဲကြားဖူးတာ အဆစ်တွေမှာလည်း တည်တယ်ပေါ့ဟု အံ့ဩနေကြသူများလည်း ကြုံဖူးပါသည်။ #ဘာကြောင့်ကျောက်တွေတည်ရသလဲ အဘယ့်ကြောင့် ကျောက်တွေတည်ရသလဲကို ရှင်းပြရပါက အရွတ်၊အဆစ်၊ အရည်အိတ် bursa၊ ကြွက်သား စသည့် အစိတ်အပိုင်းတွေရဲ့ကြား calcium hydroxyapatite လို့ခေါ်သော ထုံးဓါတ်ပစ္စည်းများ အနည်ကျလာရာမှ ဖြစ်လာပါသည်။ ပုခုံးတွင် အဖြစ်များတတ်သော်လည်း ခြေထောက် feet ၊ လက်ဖဝါး hands ၊ တင်ပါးဆုံ hips ၊ လည်ပင်းရိုး cervical spine စသည်တွင်လည်း အခြားအစိတ်အပိုင်းများထက် ဖြစ်ပွားမှုများသည်ဟု သိရပါသည်။ အသက် ၃၀ မှ […]