အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း( အောက်ပုံ)နှင့် ဝန်ကြီးအသစ် ၂၁.၁၀. ၂၀၂၄Written by Shwe Phyo အင်ဒိုနိးရှား သမ္မတအသစ် ပရာဘိုဝီ ဆူဘီယမိုသည် မြန်မာ့အရေးသဘောထားတင်းမာသူအဖြစ် လူသိများသည့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီနေရာတွင် အစားထိုးခန့်အပ်လိုက်ကြောင်း သိရသည်။ အင်ဒိုနီးရှားသမ္မတအသစ်ဖြစ်သော ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝီသည် အောက်တိုဘာ ၂၀ ရက်နေ့က အင်ဒိုနီးရှားအစိုးရအဖွဲ့အသစ်တွင် ပါဝင်မည့် ဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့်အေဂျင်စီအကြီးအကဲများအမည်စာရင်းကို ထုတ်ပြန် ကြေညာခဲ့ရာ Gerindra Party ပါတီ ဒုတိယအကြီးအကဲဖြစ်သူ ဆူဂျီအိုနိုအား အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးအသစ်အဖြစ်ခန့်အပ်လိုက်ခြင်းဖြစ်သည်။ အဆိုပါ နိုင်ငံခြားရေးဝန်ကြီးအသစ် ခန့်အပ်မှုသည် အောက်တိုဘာ ၃ ရက်မှ ၅ ရက်အထိ အင်ဒိုနီးရှားနိုင်ငံက ဂျာကာတာတွင် ဦးဆောင် ကျင်းပသည့် မြန်မာ့အရေးဆွေးနွေးပွဲအပြီးတွင်လည်းဖြစ်ပြီး အဆိုပါဆွေးနွေးပွဲတွင် SAC အစိုးရမပါဝင်ဘဲ အမေရိကန်နှင့် အနောက်အုပ်စုများ၊ ဥရောပသမဂ္ဂနှင့် […]