ylliX - Online Advertising Network

တော်လှန်ရေးပူးပေါင်းတပ်က  အင်းတော်မြို့ကိုသိမ်းရန်ထိုးစစ်ဆင်နေ – Myanmar Now

ကချင်ပြည်နယ်နှင့်နယ်စပ် စစ်ကိုင်းတိုင်း အင်းတော်မြို့ကိုသိမ်းပိုက်နိုင်ရေးအတွက် မြို့တွင်းမှ နောက်ဆုံးလက်ကျန် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ပေါင်းစုက  တိုက်ခိုက်နေရာ တိုက်ပွဲများ ပြင်းထန်နေသည်ဟု ဒေသခံများထံက သိရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ  NUG  ၏ PDF၊ ကချင်တပ် KIA နှင့် ကျောင်းသားတပ် ABSDF တို့ ပူးပေါင်းပြီး သြဂုတ်လလယ်မှစတင်ခဲ့သည့် ထိုးစစ်အတွင်း မြို့၏ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးအချို့အပါအဝင် မြို့တွင်းရှိ နေရာအများစုကို ထိန်းချုပ်နိုင်ခဲ့သည်။ အောက်တိုဘာလတွင် နှစ်ဘက်တပ်များ တပ်ဆိုင်ထားသည့် အခြေအနေဖြင့် တိုက်ပွဲများငြိမ်သက်နေခဲ့ရာမှ နိုဝင်ဘာ ၁ ရက်နေ့တွင် မြို့တွင်းရှိ  လက်ကျန် စခန်းကုန်းကို တော်လှန်ရေးတပ်များက တကျော့ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  လက်ရှိအချိန်တွင် ဂျပန်လှိုင်ဂူကုန်းစခန်းဟု လူသိများသည့်၊ မြို့၏ အမြင့်ဆုံးနေရာတွင် တည်ဆောက်ထားသည့် စစ်စခန်းကို အပြင်းအထန်ထိုးစစ်ဆင်နေသည်ဟု တော်လှန်ရေးတပ်များနှင့်နီးစပ်သူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ […]