အင်တာနက်လွတ်လပ်ခွင့်မရှိသော ကမ္ဘာ့အဆိုးဆုံးနိုင်ငံများစာရင်းတွင် တရုတ်နိုင်ငံထက် မြန်မာနိုင်ငံက ပိုသာကြောင်း အမေရိကန်အခြေစိုက် Freedom House အဖွဲ့က အောက်တိုဘာလ ၁၇ ရက်နေ့တွင် ထုတ်ပြန်သည်။ ၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသည် အင်တာနက် လွတ်လပ်ခွင့် အဆိုးဆုံးစာရင်းတွင် ရှေ့တန်းရောက်ရှိလာပြီး Freedom House က သတ်မှတ်ထားသော အမှတ် ၁၀၀ ပေးသည့် စစ်တမ်းစည်းမျဉ်းများအရ တရုတ်က အဆင့် ၉ နှင့် မြန်မာက အဆင့် ၈ ဖြစ်သည်။ မြန်မာနိုင်ငံမှာ အင်တာနက် လွတ်လပ်ခွင့်သည် ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း အဆိုးဆုံးသို့ ယိုယွင်းလာခဲ့ပြီး တရုတ်နိုင်ငံနှင့်အတူ အနိမ့်ဆုံးအဆင့်တွင် ရပ်တည်နေကြသည်။ စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် နိုင်ငံအတွင်း အင်တာနက် ဖြတ်တောက်မှုကို တစ်ဖြေးဖြေးတင်းကျပ်ကာ […]
(နိုင်ငံခြားတွင် အလုပ်လုပ်နေသော မိသားစုဝင်များ၏ ထောက်ပံ့ငွေဖြင့် ရပ်တည်နေရသည့် ရခိုင်ပြည်အတွင်းက မိသားစုဝင်များ စားဝတ်နေရေးကျပ်တည်းလာ) ရခိုင်တစ်ပြည်လုံး ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်နေပြီး ငွေလွှဲလုပ်ငန်းများ ရပ်တန့်နေ၍ ဒေသခံပြည်သူများမှာ ခက်ခဲကျပ်တည်းမှုကို ပိုမိုရင်ဆိုင်နေရသည်ဟု စစ်တွေဒေသခံများက ပြောသည်။ စစ်တွေမြို့တွင် MPT ဖုန်းလိုင်းကလွဲ၍ ကျန် ဖုန်းဆက်သွယ်ရေးကွန်ရက်များမှာ ပြတ်တောက်နေပြီး အင်တာနက်လိုင်းက မည်သည့် ဖုန်းဆက်သွယ်ရေးမှ မရရှိဟု သိရသည်။ အင်တာနက်လိုင်းမရရှိ၍ ဘဏ် ကလွှဲပြီး အခြားသော ပြင်ပငွေလွှဲလုပ်ငန်း အထူးသဖြင့် KBZ PAY နှင့် WAVE MONEY ငွေလုပ်ငန်းမှာ ရပ်တန့်သွားပြီဟု အသက် ၄၀ အရွယ် စစ်တွေဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ ” စစ်တွေမှာက MPT ဖုန်းလိုင်းကတော့ ရနေသေးတယ်။ Mytel […]