ပေကျင်း၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)အစ္စရေးက လေကြောင်းတိုက်ခိုက်မှုများနှင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေမှုကြောင့် ယနေ့လက်ဘနွန်၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများသည် ၂၀၀၆ ခုနှစ်တွင် လက်ဘနွန်နှင့် အစ္စရေးတို့ကြား ကြီးမားသော ပဋိပက္ခ ဖြစ်ပွားခဲ့သည့်ကာလထက် ပိုမိုခက်ခဲဆိုးရွားကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက နိုဝင်ဘာ ၂ ရက် နောက်ဆုံးအစီရင်ခံစာ၌ ဖော်ပြခဲ့သည်။ယခင်နှစ် အောက်တိုဘာလ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခဖြစ်ပွားချိန်မှစ၍ အစ္စရေးစစ်တပ်၏ စစ်ဆင်ရေးများကြောင့် လက်ဘနွန်တွင် လူပေါင်း ၂,၈၆၇ ဦး သေဆုံးပြီး ၁၃,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူများတွင် အရွယ်မရောက်သေးသူ ၁၈၀ ခန့်နှင့် အမျိုးသမီး ၆၀၀ ခန့် ပါဝင်ကြောင်း သိရသည်။လက်ဘနွန်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများသည် လတ်တလောရက်ပိုင်းအတွင်း ပိုမိုဆိုးရွားလာကြောင်း၊ အစ္စရေးစစ်တပ်က လက်ဘနွန်အရှေ့ပိုင်းရှိ […]