ylliX - Online Advertising Network

“ဒီတစ်ပတ် စက်သုံးဆီဈေး အခြေအနေ” (အောက်တိုဘာ ၂၁ မှ ၂၆ ရက်အထိ)

“ဈေးပြန်ကျတဲ့ စက်သုံးဆီ”   ပြီးခဲ့တဲ့အပတ်တွေထဲ တောက်လျှောက်တက်ပြီး ငြိမ်သက်ခဲ့တဲ့ စက်သုံးဆီဈေးနှုန်းတွေဟာ ဒီတစ်ပတ်ထဲမှာ ပြန်လည်ကျဆင်းသွားတာတွေ့ရပါတယ်။   စက်သုံးဆီအမျိုးအစားအားလုံးဟာ အောက်တိုဘာ ၂၅ ရက် သောကြာနေ့မှာ ကျဆင်းခဲ့ကြပြီး ဒီဇယ်အမျိုးအစားတွေ ဈေးပိုကြခဲ့တာတွေ့ရပါတယ်။   အောက်တိန်း 92 တစ်လီတာကို ၂၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၁၅ ကျပ်၊ ဒီဇယ်တစ်လီတာကို ၇၅ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ်တစ်လီတာကို ၈၀ ကျပ်အထိ ကျဆင်းခဲ့တာဖြစ်ပါတယ်။   စက်သုံးဆီအရောင်းအဝယ်တွေကတော့ ပုံမှန်အတိုင်းရှိနေပြီး နာရီနဲ့ချီ တန်းစီဝယ်ယူရတာမျိုး မရှိဘူးလို့ ရန်ကုန်မြို့ခံ အငှားယာဉ်မောင်းတွေဆီကနေ သိရပါတယ်။   ဒီတစ်ပတ် စနေနေ့ အပိတ်ဈေးနှုန်းတွေကတော့ အောက်တိန်း 92 တစ်လီတာ ၃၀၈၀ ကျပ်၊ အောက်တိန်း […]

“ဒီတစ်ပတ် စက်သုံးဆီစျေး အခြေအနေ” (အောက်တိုဘာ ၁၄ မှ ၁၉ ရက်အထိ)

“တက်ဈေးနဲ့ ငြိမ်နေတဲ့ စက်သုံးဆီ”   ဒီတစ်ပတ် စက်သုံးဆီဈေးကွက်အတွင်း ပြီးခဲ့တဲ့အပတ်ကတည်းက တက်ထားတဲ့ ဈေးနှုန်းတွေအတိုင်း ငြိမ်နေတာတွေ့ရပါတယ်။   အရောင်းအဝယ်ပိုင်းမှာလည်း အရင်လို နာရီနဲ့ချီ ကြာအောင် တန်းစီဝယ်ယူရတာမျိုးမရှိပေမဲ့ ဆိုင်ကြီးတချို့မှာပဲ စက်သုံးဆီအမျိုးအစားအားလုံး ရပြီး ဆိုင်ငယ်အများစုမှာတော့ စက်သုံးဆီ မရတစ်ချက်၊ ရတစ်ချက် ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။   ဒါကြောင့် တချို့ဆိုင်တွေ အချိန်ပိုင်းပဲ ဖွင့်လှစ်နေရသလို တချို့လည်း ပိတ်ထားရတာမျိုးတွေရှိနေတယ်လို့ ယာဉ်မောင်းတွေဆီကနေ သိရပါတယ်။   စစ်ကောင်စီဗဟိုဘဏ်ဘက်ကလည်း ဒီတစ်ပတ်ထဲ သီတင်းကျွတ်ရုံးပိတ်ရက်တွေကြောင့် အရင်ပတ်တွေတုန်းကလို စက်သုံးဆီတင်သွင်းရာမှာအဓိကသုံးစွဲတဲ့ အမေရိကန်ဒေါ်လာ ၆ သန်းကျော်ပဲ ဈေးကွက်ထဲ ရောင်းပေးခဲ့ပြီး တရုတ်ယွမ်တော့ လုံးဝမရောင်းပေးခဲ့ပါဘူး။   ဒီတစ်ပတ် ရန်ကုန်မြို့က စက်သုံးဆီဆိုင်တွေက ဈေးနှုန်းတွေကတော့ အောက်တိန်း 92 တစ်လီတာ ၃၁၀၀ […]

မြို့သိမ်းတိုက်ပွဲအပြီး ပင်လည်ဘူးမြို့ အခြေအနေ – Myanmar Now

စစ်တပ်က အကြိမ်ရေ ရာနှင့်ချီပြီး ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ပင်လည်ဘူးမြို့သည် ယခုအခါ မြို့ပျက်ကြီးသဖွယ် ကြေမွ၊ ပျက်စီးနေသည်ကို ယခုရုပ်သံတွင် မြင်တွေ့ရသည်။ စစ်ကောင်စီ တပ်မတစ်ခုစာနီးပါး အင်အားဖြည့်ထားသည့် စစ်ကိုင်းတိုင်း အထက်ပိုင်း ပင်လည်ဘူးမြို့ကို တော်လှန်ရေးအင်အားစုက လနှင့်ချီ ပိတ်ဆို့တိုက်ခိုက်ပြီးနောက် အောက်တိုဘာ ၈ ရက်နေ့တွင် မြို့ကို အပြီးသတ် ထိန်းချုပ်နိုင်ခဲ့သည်။  လူဦးရေ ၇၀၀၀ ခန့်နေထိုင်ရာ ပင်လည်ဘူးမြို့ကို လက်မလွှတ်ရရေး စစ်တပ်က ၎င်းတို့၏ အားသာချက် ဖြစ်သည့် လေကြောင်းတိုက်ခိုက်မှုဖြင့် နှစ်လနီးပါးကြာ အပြင်းအထန်တုံ့ပြန်ခဲ့သည့်တိုင် နောက်ဆုံးတွင် မြို့ကို လက်လွှတ်လိုက်ရသည်။  ကျားကုတ်ကျားခဲ ဖြတ်တောက်ပိတ်ဆို့ တိုက်ခဲ့ရသည့်တိုက်ပွဲဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများဘက်က ပြောသည်။ မြို့သိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်း ၁၀၂ ဦး ရခဲ့ပြီး ထိုအထဲတွင် ရာထူးအမြင့်ဆုံးမှာ ဒုဗိုလ်မှူးကြီး တစ်ဦး […]