ylliX - Online Advertising Network

လူထု အခက်အခဲ၊ တရုတ်ဖိအားတို့ကြောင့် ဆွေးနွေးရန် ကမ်းလှမ်းလိုက်သည်ဟု TNLA ပြော – Myanmar Now

စစ်ကောင်စီနှင့် ဆွေးနွေးရန် ကမ်းလှမ်းလိုက်ခြင်းမှာ ပြည်သူများ ခက်ခဲ၊ တရုတ်က ဖိအားပေးနေခြင်းကြောင့် ဖြစ်သည်ဟု  တအာင်းအမျိုးသားလွတ်မြောက် ရေးတပ်မတော် (PSLF/ TNLA) က ပြောသည်။ ဆွေးနွေးသည့်နည်းဖြင့် ကာလရှည် အကျပ်အတည်း ဖြေရှင်းနိုင်မည်ဟု TNLA ၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။ “အဓိကကတော့ ပြည်သူတွေရဲ့ အခက်အခဲ၊ အကျပ်အတည်း၊ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့ဖြစ်တယ်။ တစ်ဖက်မှာ လည်း တရုတ်အစိုးရရဲ့ ဖိအားတွေလည်း ပါလာတယ်။ နောက်တစ်ခုက တရုတ်အစိုးရက ဒီတွေ့ဆုံမှုကို အလေးထားလို့ ကျွန်မတို့ကလည်း အလေးထားပြီးမှ ဆောင်ရွက်တာဖြစ်ပါတယ်” ဟု လွေးယေဦးက ယနေ့ နိုဝင်ဘာ ၂၆ တွင် Myanmar Now ကို ပြောသည်။  “လက်ရှိအခြေအနေကတော့ ကျွန်မတို့ရဲ့ သဘောထားကို ထုတ်ပြန်တဲ့အဆင့်ပဲရှိပါသေးတယ်။ […]