[Unicode] အမေရိကန်ပြည်၊ ဝါရှင်တန်ပြည်နယ်၊ Kitsap ခရိုင်ရှိ Sheriff (ခရိုင်ရဲမှူး- ပြည်သူတို့ ရွေးကောက်မှုဖြင့် ခန့်အပ်လေ့ရှိ) ရုံးမှ လက်ထောက်အရာရှိတို့ထံ တိရ စ္ဆာန်များနှင့် စပ်လျဉ်းပြီး မကြာခဏ ဖုန်းဆက်တိုင်ကြားမှုများ ရှိသည်။ မွေးမြူရေးခြံများမှ လွတ်ထွက်လာသော တိရ စ္ဆာန်များကိစ္စ၊ ခွေးတို့၏ ပြဿနာရှာမှုများအကြောင်း ဖြစ်တတ်သည်။ သို့သော် 911 ထံ ဖုန်းဆက်လာမှုများအနက် Poulsbo မြို့အနီးတွင် နေထိုင်သော အမျိုးသမီးတစ်ဦးက သူ၏ ခြံဝန်းအတွင်း ရက်ကွန်းဝံ အကောင်ရေများစွာ သွားလာနေပြီး မိမိနောက်သို့ တကောက်ကောက် လိုက်နေ ကြောင်း အကြောင်းကြားလာမှုမှာ ထူးခြားနေသည်။ (မှတ်ချက်။ ရက်ကွန်းသည် ဝံမျိုးစိတ်ဝင်ဖြစ်ပြီး မြောက်အမေရိက မျိုးရင်းဖြစ်သည်။ ဝံမျိုးစိတ်ဆိုသော်လည်း အလျား ၁၆ လက်မမှ ၂၈ လက်မအထိသာရှိသည်။ […]