သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ကောင်စီက နေ့စဉ်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေသာ်လည်း ပြည်သူများသည် အလုပ်လက်မဲ့ဖြစ်ကာ စစ်ရှောင်ရန် အခက်ကြုံနေကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို ကိုးကန့်တပ် (MNDAA) နှင့် ပူးပေါင်းတပ်များက ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်တွင် သိမ်းပိုက်ရရှိခဲ့သည်။ ထို့နောက်နောက် စစ်ကောင်စီမှ လားရှိုးမြို့ကို ပြန်ရရန်အတွက် နေ့စဉ်ဆက်တိုက် လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်နေသည်။ စစ်ကောင်စီသည့် အဓိက ပြည်သူများအိပ်မောကျချိန်တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်နေပြီး အရပ်သားသေဆုံးမှု နေ့စဉ်နဲ့အမျှ ရှိသကဲ့သို့ ဒဏ်ရာရရှိသူများလည်း ရှိသည်။ “ စစ်ကောင်စီက သန်းခေါင်ချိန်မှ လာလာပစ်တယ်။ လူတွေအိပ်မောကျတဲ့အချိန်ပေ့ါ။ ကျနော်တို့လည်း ဘယ်ပြေးလို့ ပြေးရမှန်းမသိတော့ဘူး။ ပြေးချင်ပေမယ့် ကားခကလည်း စျေးကြီးတယ်။ နောက် နေရာသစ်ရောက်ရင် ဘာလုပ်ရမှန်းမသိဘူး” ဟု လားရှိုးမြို့တွင် ကျန်ရှိနေသည့် ဒေသခံ အမျိုးသားတစ်ဉီး က […]