##ရေဓာတ်လုံလောက်ပါစေပြိုင်ပွဲကာလအတွင်း အားကစားသမားများအတွက် လုံလောက်သောအရည်များ သောက်သုံးမှုသည် အရေးကြီးပါသည်။ ရေဓာတ်ခမ်းခြောက်ခြင်းသည် စွမ်းဆောင်ရည်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပြီး ပင်ပန်းနွမ်းနယ်ခြင်း၊ ကြွက်တက်ခြင်းနှင့် ဉီးနှောက်၏ လုပ်ဆောင်မှု ကျဆင်းခြင်းတို့ ဖြစ်စေနိုင်သည်။ အားကစားသမားများသည် ပွဲမစမီ၊ ကျင်းပချိန် နှင့် ပွဲအပြီးတွင် ပတ်ဝန်းကျင်အခြေအနေနှင့် တစ်ဦးချင်းလိုအပ်ချက်ပေါ်မူတည်၍ ပမာဏကို ချိန်ညှိကာ ရေကို စနစ်တကျသောက်သုံးသင့်သည်။(ကွမ်းငုံခြင်းက ရေဓါတ် ချို့ယွင်းစေနိုင်)#အဟာရပြည့်အောင်စားပါအကောင်းဆုံးသော အားကစားစွမ်းဆောင်ရည်အတွက် လိုအပ်သော စွမ်းအင်ကို ပေးဆောင်ရန် သင့်လျော်သောအာဟာရသည် မရှိမဖြစ်လိုအပ်ပါသည်။ အားကစားသမားများသည် ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီ၊ ဗီတာမင်နှင့် သတ္တုဓာတ်များ ပါဝင်၍ မျှတသော အစားအစာကို စားသုံးသင့်သည်။ ကာဗိုဟိုက်ဒရိတ်သည် ခံနိုင်ရည်အား၊စွမ်းအင် မြှင့်တင်ရန်အတွက် အထူးအရေးကြီးပြီး၊ ပရိုတင်းများသည် ကစား၍ ပျက်စီးသွားတတ်သော ကြွက်သားများ ပြုပြင်ခြင်းနှင့် ပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးသည်။#သင့်ခန္ဓာကပြောနေသည်ကိုနားထောင်လိုက်ပါအားကစားသမားများသည် […]