ylliX - Online Advertising Network

ဒီတစ်ခါမှတော့ ဩရသအခွင့်အရေးနှင့် စပ်လျဉ်းပြီး အကျိုးခံစားခွင့် ဆက်ခံရရှိသူများအကြောင်း – iMyanmarHouse.com

[Unicode] ဩရသသားသမီးဆိုသည်မှာ မိဘနှစ်ပါး သဘောတူလက်ထပ် ထိမ်းမြား၍ ဖြစ်ထွန်းလာသော သားကြီး၊ သမီးကြီးပင်ဖြစ်ပြီး တနည်းဆိုသော် အမွေအနှစ်ရရှိသော တရားဝင်သားရင်းသမီးရင်ပင်ဖြစ်ပါသည်။ ကတ်စုနှင့်မောင်ဆင်အမှု (၂ ရန်ကုန် ၆၉၃ (၇၈၇)ပီစီ) ၊ မအေးရင်နှင့်မမိမိ -၇ ရန်ကုန် ၅၆၉ အဆိုပါဩရသမှာ ၎င်းမှာသားဖြစ်ပါက ဖခင်ကွယ်လွန်ချိန် ၊ သမီးဖြစ်ပါက မိခင်ကွယ်လွန်သောအချိန်တွင် အရွယ်ရောက်ပြီးဖြစ်ပါက ဩရသအခွင့်အရေးကို တောင်းဆိုပိုင်ခွင့်ရှိသည်။ သို့ရာတွင် ဩရသမှာ မိဘများ၏ အလုပ်များအား ကူညီလုပ်ကိုင်သူဖြစ်ရန် လိုအပ်ကာ ရူးသွပ်သူမဖြစ်ရပါ။ ဆိုလိုသည်မှာ မိဘ၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်နိုင်သည့် အရည်အချင်းရှိသူ ဖြစ်ရမည်။ ဩရသသားသမီးမှာ အရွယ်မရောက်သေးမီ သေဆုံးပါက ဒုတိယသားသမီးအား ဩရသသားသမီးဟု သတ်မှတ်နိုင်သည်။ ဩရသအခွင့်အရေးနှင့် စပ်လျဉ်း၍ ၎င်းကိုယ်စား ၎င်း၏ အမွေဆက်ခံခွင့်ရှိသူမှ တောင်းဆိုနိုင်ခြင်း […]