ဖိုးဝ မြန်မာဟာ မြေအရင်းအမြစ်၊ ရေအရင်းအမြစ်ပေါတဲ့ နိုင်ငံတစ်ခုပါ။ ရှေးကဘိုးတော်အနော်ရထာမင်းကြီး လက်ထက်ကစလို့ နိုင်ငံတည်ဆောက်ရေးတည်ငြိမ်အေးချမ်းရေးအဖို့ရာမှာ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာဖူလုံရေး အလေးအနက်ထားလုပ်ခဲ့တာပါပဲ။ ငတ်ရင်၊ စားနပ်ရိက္ခာ မလုံလောက်ရင် ပြည်ပျက်မယ်။ ရိုးရိုးလေးပဲ။ ခေတ်အဆက်ဆက် စိုက်ပျိုးရေး၊ ဆည်ဆောက်ရေးကို အလေးထားလုပ်ခဲ့ကြတာကြောင့်လည်း မြန်မာဟာသမိုင်းမှာ အငတ်ဘေး ဆိုက်ရောက်တဲ့ဖြစ်ရပ်မျိုး ကြီးကြီးမားမားမကြုံဖူးဘူး။ အခုလက်ရှိ အခြေအနေအထိလည်း မြန်မာဟာ စားနပ်ရိက္ခာမှာ မိမိကိုယ်ကိုဖူလုံမှု အချိုး ၁၄၀ ရာခိုင်နှုန်းရှိနေတယ်။ အဲဒါဘာကိုပြောတာလဲ ဆိုတော့ နိုင်ငံတစ်နိုင်ငံရဲ့ စားနပ်ရိက္ခာ မိမိကိုယ်ကိုဖူလုံမှုအချိုး Food self sufficiency ratio ဆိုတာက ဥပမာ တိုင်းပြည်တစ်ပြည်မှာ လူသန်း ၁၀၀ နေထိုင်တယ်။ အဲဒီတိုင်းပြည်တွင်းက တစ်နှစ်အတွင်း စိုက်ပျိုးထုတ်လုပ်လို့ ရတဲ့စားနပ်ရိက္ခာ ထုတ်ကုန်ဟာ သူ့လူ သန်း ၁၀၀ […]
Adore News Pro theme is a complete magazine theme, excellent for news, magazines, publishing and review sites. Amazing, fast-loading modern magazines theme for personal or editorial use. You’ve literally never seen or used a magazine that looks or works like this before. Source link