လစဉ် ရာသီလာချိန်မှာ ဆုံးရှုံးသွားတဲ့ သံဓာတ်ကို ဖြည့်တင်းဖို့အတွက် သံဓာတ်အားဖြည့်ဆေးကို သောက်ကြပါတယ်။ ဒီလို သောက်ကြတဲ့အခါ ဝမ်းချုပ်တာ၊ အသားရောင်က ရင့်သွားတာမျိုးတွေကို ခံစားရတာကြောင့် သံဓာတ် အားဖြည့်ဆေးသောက်ရမှာကို ခပ်လန့်လန့်ဆိုတဲ့ လေဒီလေးတွေအတွက် သံဓာတ် အားဖြည့်ဆေးသောက်ပြီးချိန်မှာ ဝမ်းချုပ်တာမျိုး မဖြစ်ရအောင် ဘယ်လို ဖြေရှင်းလို့ ရမလဲဆိုတာလေးကို ပြောပြပေးချင်ပါတယ်။ သံဓာတ်အားဖြည့်ဆေးသောက်ပြီး ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့ရာ သံဓာတ် အားဖြည့်ဆေးသောက်ချင်တယ်။ ဝမ်းလည်း မချုပ်ချင်ဘူး ဆိုရင်တော့ – ဆေးပမာဏ မှန်ကန်ပါစေ သံဓာတ်အားဖြည့်ဆေးသောက်တဲ့အခါ အစာခြေစနစ်ထဲမှာ သံဓာတ်တွေ ပိုလျှံတာမျိုးကြောင့် ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့ဆိုရင် သံဓာတ်လိုအပ်ချက်ကို မလိုမပိုဘဲ ဖြည့်တင်းမိဖို့ လိုပါမယ်။ အသက် ၅၀ နှစ်အောက် အရွယ်ရောက်ပြီးသူတိုင်း အနေနဲ့ တစ်နေ့တာကို သံဓာတ် ၈မီလီဂရမ်ထက် မပိုစေဘဲ […]