ylliX - Online Advertising Network

ကိုယ့်ရဲ့ Energy ကို ဘယ်လိုမြှင့်တင်ရမလဲ ? | HapEye.net

လူတစ်ယောက်မှာ Aura လို့ခေါ်တဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ Energy ဆိုတာ ရှိပါတယ်။ကိုယ့်ရဲ့ Energy က နိမ့်တဲ့အခါ မကောင်းတဲ့ အတွေးတွေ၊ ဝမ်းနည်းမှုတွေ ကြောက်စိတ်တွေ ဖုံးလွှမ်းခံရတတ်ပြီးEnergy မြင့်တဲ့အခါ သတ္တိတွေ၊ စိတ်အားတက်ကြွမှုတွေ၊ ပျော်ရွင်မှုတွေ ဖုံးလွှမ်းပါတယ်။အခုလို ကာလမှာ ကိုယ့်ရဲ့ စွမ်းအင်ဟာ အရမ်းအရေးကြီးလှပါတယ်။ ကိုယ့်ရဲ့ စွမ်းအင်ဟာ မကောင်းတဲ့ အငွေ့အသက်တွေ ဖုံးလွှမ်းနေပြီဆို ကိုယ်ပတ်ဝန်းကျင်မှာရှိတဲ့ မကောင်းတဲ့ စွမ်းအင်တွေကို ပိုပြီး Attract လုပ်တတ်ပြီး ကိုယ်ကိုယ်တိုင်ကလည်း ကိုယ့်ပတ်ဝန်းကျင်က သူတွေကို Negative Energy တွေ စပြီး ပေးပါတော့တယ်။ဒါ့ကြောင့် အောက်က ဇယားလေးအတိုင်း ကိုယ့်ရဲ့ စွမ်းအင်တွေကို Positive Energy အဖြစ် ပြောင်းလဲကြည့်ပါ။ Meditationပထမဆုံးကတော့ တရားထိုင်ခြင်းပါ။ ဝင်လေထွက်လေကို ရှူရှိုက်ပြီး […]

ကျန်းမာကြံ့ခိုင်စေဖို့ရာ ကိုယ်လက် လှုပ်ရှားကစားပါ | HapEye.net

”ကျန်းမာခြင်းသည်လာဘ်တစ်ပါး” ဟူသော စကားရပ်၏ တန်ဖိုးသည် နေထိုင်မကောင်းဖြစ်ချိန်၊ ရောဂါဘယ ထူပြောလာချိန်တွင်မှ ပေါ်လွင်လာလေ့ ရှိသည်။ လူအများစုအဖို့ နေထိုင်ကောင်းချိန်၊ ကျန်းမာရေး ကောင်းမွန်လာချိန်တွင် ကျန်းမာခြင်း၏ တန်ဖိုးရှိပုံကို အမှတ်တမဲ့ ဖြစ်နေလေ့ရှိသည်။ ဖျားနာကာ ရောဂါဘယဖြစ်ပွား၍ မထနိုင် မသွားနိုင်၊ မစားနိုင် မသောက်နိုင်ဖြစ်ချိန်မှ ကျန်းမာခြင်း၏ တန်ဖိုးရှိပုံကို သတိရကြသည်။ တစ်နည်းအားဖြင့် လူဖြစ်ရှုံးသွားရနိုင်သည်။ ထို့ကြောင့် ရခဲလှသော လူ့ဘဝတွင် လူဖြစ်ရကျိုးနပ်ရန်၊ လူဖြစ်မရှုံးစေရန် အခြေခံလိုအပ်ချက်သည် ကျန်းမာရေး ကောင်းမွန်ခြင်း၊ ကြံ့ခိုင်ဖျတ်လတ် သွက်လက်ခြင်းတို့ ရရှိပိုင်ဆိုင်နိုင်ရန် လိုအပ်သည်။ သို့မှသာ အကောင်းဆုံးသော အရာများ၊ အောင်မြင်မှုများကို ရယူဆွတ်ခူးနိုင်ပြီး ပျော်ရွှင်ဖွယ်ဘဝကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ မြန်မာစကားတွင် ”အသက်ဉာဏ်စောင့်၊ ဥစ္စာကံစောင့်”ဟူ၍ရှိပါသည်။ မိမိအသက်ခန္ဓာ၏ အသက်ရှည်ခြင်း၊ ကျန်းမာခြင်းအတွက် ဉာဏ်ဖြင့် ထိန်းသိမ်းစောင့်ရှောက်ရမည်ဟု […]

ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးခြင်း | HapEye.net

ဒီမေးခွန်းတစ်ခုကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိဖူးလား။ ဘာလို့ င့ါဘဝကြီးက အဓိပ္ပါယ်မရှိဘူးလို့ ခံစားနေရတာလဲ။ မေးဖူးတယ်ဆိုရင် ဒီဆောင်းပါးကသင့်အတွက်ပါ။ ဒီနေ့ခေတ်ဟာ အရင်ခေတ်တွေတုန်းကနဲ့မတူပဲ တိုးတက်မှုတွေ မြန်ဆန်လာပါတယ်။ ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ တစ်ကမ္ဘာလုံးက သူတွေနဲ့ ချိတ်ဆက်လို့ရမယ့် Facebookလိုမျိုး Social Mediaတွေ ပေါ်လာတယ်။ အင်တာနက် ဖွင့်လိုက်ရုံနဲ့ တစ်ကမ္ဘာလုံးမှာ ဖြစ်နေသမျှ သတင်းတွေကို စက္ကန့်ပိုင်းအတွင်း ကြည့်လို့ရလာတယ်။ နည်းပညာတိုးတက်မှုရဲ့ ကောင်းတဲ့အချက်ကတော့ ကိုယ့်ရဲ့နေ့စဥ်ဘဝမှာ အချိန်ကုန်သက်သာပြီး ဘာမဆို မြန်မြန်ရလာတာပါပဲ။ ဒါပေမယ့် အဲ့ဒီရဲ့ အခြားတစ်ဖက်မှာ ကျွန်တော်တို့အတွက် ဆိုးကျိုးတွေက တွဲပြီးပါလာပါတယ်။ အချိန်နဲ့အမျှ သတင်းတွေ ကြည့်လို့ရနေတယ်။ စက္ကန့်မလပ် လူတိုင်းနဲ့ ဆက်သွယ်လို့ ရလာတယ်။ ဒီအခါ ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲမှာ ပြင်ပက အကြောင်းအရာတွေနဲ့ ပြည့်နှက်လာပြီးတော့ ကိုယ့်ကိုယ်ကိုယ် အချိန်ပေးတာအလွန်နည်းပါးလာပါတယ်။ […]