ရုပ်ပိုင်းဆိုင်ရာကို ညှင်းပန်းနှိပ်စက်ခံရမှ ကလေးတစ်ယောက်ကို သေရာပါ ဒဏ်ရာ ဖြစ်စေနိုင်တာမဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ စိတ်ခံစားမှုဆိုင်ရာ ညှင်းပန်းနှိပ်စက်ခံရတာကလည်း ကလေးကို သေရာပါ ဒဏ်ရာဖြစ်စေနိုင်သလို ကလေးရဲ့ ဘဝတလျှောက် တိုးတက်မှုတွေကို အနှောင့်အယှက် အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ နောက်တစ်ချက် ရှိတာက ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုက မြင်သာပေမယ့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု နာကျင်ခံစားရမှုက မြင်သာဖို့ ခက်တာပါ။ တစ်ခါတလေဆို မိဘတွေက သူတို့ကိုယ်တိုင်တောင် မသိလိုက်ဘဲ ကလေးကို စိတ်ခံစားမှုပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုကို လုပ်မိနေတတ်တာမျိုးပါ။ ဒါကြောင့် ကလေးလေးတွေကို လူတော်လူကောင်းလေးတွေ ဖြစ်အောင် ပျိုးထောင်ကြတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ကင်းကင်းနဲ့ ပျိုးထောင်နိုင်စေဖို့ သတိထားသင့်တာလေးတွေကို သတိထားလို့ ရအောင် ဘယ်လိုမျိုး အပြုအမူတွေက ကလေးရဲ့ စိတ်ခံစားမှုပိုင်းအပေါ် သက်ရောာက်ထိခိုက်စေနိုင်သလဲ ဆိုတာလေးကို ဖော်ပြလိုက်ပါတယ်။ […]