ylliX - Online Advertising Network

“ကုန်ပစ္စည်းဓာတ်ပုံတွေကို သေသပ်လှပစွာ ပြုပြင်ပေးနိုင်မယ့် Pixelcut” – AMC HACKS

ဒီနေ့တော့ အွန်လိုင်းကနေ ကုန်ပစ္စည်းတွေကို ဓာတ်ပုံရိုက်ပြီးကြော်ငြာတဲ့အခါ ပုံလှလှလေးတွေရရှိဖို့ အသုံးပြုသင့်တဲ့ Tool လေးတခုအကြောင်းပြောပြမယ်။ နာမည်ကတော့ Pixelcut လို့ခေါ်ပါတယ်။ အွန်လိုင်းကနေ ဈေးရောင်းတဲ့သူတွေအတွက် အတော်အတန် အသုံးဝင်မယ့် Tool တခုလည်းဖြစ်ပါတယ်။ Pixelcut ထဲမှာဘာတွေလုပ်လို့ရလဲဆိုရင် ▪️ဓာတ်ပုံတွေရဲ့ နောက်ခံ Background ကိုဖယ်ထုတ်ပေးနိုင်ပြီးတော့ အစားထိုး ပြောင်းထည့်နိုင်ပါတယ်။ မိတ်ဆွေက အွန်လိုင်းကနေ ဖိနပ်ရောင်းတဲ့သူဆိုပါစို့။ ဖိနပ်ပုံတွေကို ရိုက်ပြီးတဲ့အခါ နောက်ခံမှာ မလိုချင်တဲ့အရာတွေကို Pixelcut နဲ့ဖယ်ထုတ်ပေးနိုင်တယ်။ နောက်ခံတခုလုံးကို ဖယ်ပြီးတော့ အစားထိုး အရောင်ကာလာတွေပြောင်းထည့်ပေးနိုင်ပါတယ်။ ▪️AI ကိုသုံးပြီးတော့ နောက်ခံတွေကို ပိုမိုကောင်းမွန်အောင် ဖန်တီးနိုင်ပါတယ်။ ဥပမာ – ဖိနပ်ပုံကိုထည့်ပြီးတော့ AI နဲ့ Background ထည့်မယ်ဆိုရင် ဖိနပ်ကိုခုံပေါ်မှာတင်ထားသလိုဖန်တီးပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။ ထည့်လိုက်တဲ့ ပုံနဲ့လိုက်ဖက်ညီအောင် ပြောင်းပေးနိုင်တယ်။ […]