ylliX - Online Advertising Network

KIA သိမ်းပိုက်နယ်မြေတွေမှာ လူထုအသံနားထောင်တဲ့ အုပ်ချုပ်ရေးစနစ်နဲ့ တောင်းဆို – Kachin News Group (KNG)

ကချင်ပြည်နယ်အရှေ့ဘက်၊ တရုတ်နယ်စပ်ရှိ ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်နယ်မြေတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ KIO အစိုးရအနေဖြင့် အုပ်ချုပ်စနစ်ကို စတင်ထူထောင်တဲ့အခါ ဗဟိုအမိန့်နဲ့ တိုက်ရိုက်အုပ်ချုပ်တဲ့စနစ် မဟုတ်ဘဲ ဒေသခံအသံကို အခြေခံတဲ့ အုပ်ချုပ်ရေးစနစ်ဖြစ်ဖို့ လိုအပ်ကြောင်း ဒေသခံတချို့ ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ နဲ့ အောက်တိုဘာလအတွင်း ကချင်အထူးဒေသ(၁) ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဝိုင်းမော်မြို့နယ်၊ ချီဖွေမြို့နယ် နှင့် ဆော့လော်မြို့ရှိ နယ်စပ် မြို့၊ ကျေးရွာတွေကို KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့ပါတယ်။ ချီဖွေမြို့၊ ဆော့လော်မြို့၊ ပန်ဝါ မြို့ အပြင် နယ်ခြားစောင့်တပ် ဌာနချုပ် ၁၀၀၂ အခြေစိုက်ခဲ့တဲ့ လုပီ၊ ၁၀၀၃ အခြေစိုက် စစ်ကြိုင် ကျေးရွာတွေဟာ KIO ထိန်းချုပ်နယ်မြေ ဖြစ်လာခဲ့ပြီး […]