KIA တပ်သားတစ်ဦးကို ကချင်ပြည်နယ် ရှေ့တန်းတစ်နေရာတွင် ယခုနှစ် ဇန်နဝါရီလအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ − မြတ်ပန်း) ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းရွာနှင့် နယ်နိမိတ်ထိစပ်နေသည့် စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် အတွင်းရှိ စစ်ကောင်စီတပ်စခန်းနှင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA) စခန်းတို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်ပူးပေါင်းတပ်များက ယမန်နေ့ (နိုဝင်ဘာ ၁၈) တွင် သိမ်းပိုက်လိုက်သည်။ စစ်ကောင်စီတပ်၏ ရွှေတွင်းစခန်းနှင့် စိုင်းပန်ရွာအနီးတပ်စွဲထားသည့် SNA နှင့် စစ်ကောင်စီ ပူးပေါင်းစခန်း ၂ ခုတို့ကို ပြီးခဲ့သည့် သီတင်းပတ်မှစတင်ကာ တိုက်ခိုက်နေခြင်းဖြစ်သည်။ စခန်းများသိမ်းလိုက်သည့် KIA နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF) တို့က ယနေ့နံနက်(နိုဝင်ဘာ ၁၉) တွင် နယ်မြေရှင်းလင်းရေး လုပ်နေသည်ဟု KIA နှင့် နီးစပ်သူ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ တိုက်ခိုက်မှုအတွင်း […]
ကချင်ပြည်နယ် အရှေ့မြောက်ပိုင်း တရုတ်နယ်စပ်အနီး ပန်ဝါမြို့နယ်ခွဲအခြေစိုက် အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်စခန်းကို တော်လှန်ရေးအင်အားစုက ယနေ့ (အောက်တိုဘာ ၁၅ ရက်) မွန်းလွဲပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။ ပန်ဝါမြို့၏ အနောက်မြောက်ဘက် ၁၁ မိုင်ခန့်အကွာတွင်ရှိသည့်၊ ဒေသခံတို့က လုပီဟု ခေါ်ကြသည့်နယ်ခြားစောင့်စခန်း ဌာနချုပ်ကို အောက်တိုဘာ ၁၀ ရက်နေ့မှ စတင်ကာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ “လုပီဆိုတဲ့ စခန်းကို ခုနကပဲ တစ်နာရီဝန်းကျင်လောက်မှာပဲ ကျွန်တော်တို့သိမ်းပိုက်လို့ရပါပြီ” ဟု KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယနေ့ မွန်းလွဲပိုင်းတွင် Myanmar Now ကို ပြောသည်။ အဆိုပါ စခန်း၏ ကာကင်းစခန်းအချို့ကိုလည်း သိမ်းပိုက်ရရှိပြီးဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းနှင့် သုံ့ပန်း မည်မျှ […]