ylliX - Online Advertising Network

သျှမ်းပြည်ရဲ့ သဘာဝဘေး ခေါင်းလောင်းထိုးသံ – သျှမ်းသံတော်ဆင့်

ပြိုကျ ပျက်စီးနေသော အဆောက်အဦးတွေကို ကြည့်ပြီး မျက်ရည်တွေမကျအောင် စကားတွေကို ထိန်းပြီးပြောသော်လည်း သူမ၏ တုန်ရီနေသည့် အသံက ထိန်းချုပ်၍မရ။ “ကျမတို့ ဘယ်လို ပြန်စရမှာလဲ။ ကျမတို့ နွေးထွေးတဲ့အိမ်လေး ဘယ်တော့ ပြန်ရမှာလဲ”ဆိုတဲ့ မနွယ်နွယ်စိုးတယောက် မေးခွန်းပေါင်းစုံဖြင့် တွေဝေနေသည်။ တစ်ဘဝလုံး ကြိုးစားတည်ဆောက်ခဲ့သည့်အိမ်၊ မျက်စိတမှိတ်အတွင်း ပြိုကျသွားတော့ မနွယ်နွယ်စိုးတစ်ယောက် မယုံနိုင်သေးသည့် မျက်နှာအမူအရာဖြင့် ရှိုက်ကြီးတငင် ငိုနေသည်။ ထိုအဖြစ်အပျက်ဟာ စက်တင်ဘာလ ၁၁ ရက်က သျှမ်းပြည်ကလောမြို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဆောင်းအငွေ့အသက်များနှင့် အစိမ်းရောင်ထင်းရှူးတောများ ဝိုင်းရံထားသည့် တောင်ပေါ်မြို့ ဖြစ်သည့် ကလောမြို့တွင် စက်တင်ဘာလ ရေကြီးခဲ့သည့်ဖြစ်စဉ်က နှစ် ၁၀၀ အတွင်း အဆိုးဝါးဆုံးဖြစ်သည်။ သမိုင်းတွင် စံချိန်တင်ခဲ့သည့် ရေကြီးမှုဖြစ်သည်။ ကလောရေကြီးမှု “၁၅ မိနစ်အတွင်းမှာဘဲ […]

အင်းလေးဒေသပျက်စီးသွားသော နေအိမ်များ ပြန်လည်ထူထောင်ရန် ခက်ခဲနေဆဲအင် – သျှမ်းသံတော်ဆင့်

သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသ‌တွင် ရေကြီးမှုဒဏ်ခံရပြီးနောက် ပြန်လည်ထူထောင်ရန်ခက်ခဲနေ‌ကြောင်း သတင်းရရှိသည်။ စက်တင်ဘာလအတွင်း တိုက်ခတ်ခဲ့သော မုန်တိုင်းရာဂီမုန်တိုင်းကြောင့် သျှမ်းပြည်တောင်ပိုင်း ရှိမြို့နယ်အများအပြားရေကြီးမှုဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများခဲ့သည်။ ထိုထဲတွင် ညောင်ရွှေမြို့နယ် အင်းလေး ဒေသ အနောက်ဘက်ရှိ ကျွန်းကြီးအုပ်စု၊ မင်းချောင်းအုပ်စု၊တုံးလည်တောင်ပို့ကြီး နှင့် အင်းတိန်အုပ်စု တို့သည်ရေကြီမှုဒဏ်ကြောင့် စိုက်ခင်းများပါပျက်စီးသွားကာ လက်ရှိအချိန်တွင် ပြန်လည်ထူထောင်ရန် ခက်ခဲနေသေးကြောင်း အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦး ကသျှမ်းသံတော်ဆင့်ကို ပြောသည်။ အင်းလေးဒေသ နေအိမ်ရေမြှုပ် “ကျနော်အိမ် ရေမြုပ်သွားတာ ကိုယ်အိမ်ကို ပြန်နေရတာနှစ်ရက်လောက်ပဲရှိသေးတယ်။ပစ္စည်းတွေကလည်း တော်တော်ဆုံးရှုံးမှုများတယ်။ပြန်လည်ထူထောင်ရေးတွေလည်း တော်တော်လုပ်ယူရမှာ။ရေပေါ်ရွာက တော်တော်များများ အကူညီတွေလိုနေကြတာ။အလှူရှင်တွေလည်း သိပ်မရောက်တာဘူး ဒီအနောက်ဖက်ကမ်းကို”ဟု အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက‌ ပြောသည်။ ထိုပြင် ရေကြီးမှုကြောင့် အဓိက အလုပ်အကိုင်နေသည့် ခရမ်းချဉ်သီးခြံများလည်းပျက်စီးသွားသဖြင့် နောက်ရာသီများအတွက် […]

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မောက်မယ်မြို့ ရေကြီးရေလျှံဖြစ် – သျှမ်းသံတော်ဆင့်

သျှမ်းပြည်မောက်မယ်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၇ ရက်) မနက် ၃ နာရီခွဲကျော်စတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် မောက်မယ်မြို့တွင် ချောင်းရေမြင့်တက်ပြီး ကွန်ကိုင်းရပ်ကွက်၊ဈေးတန်းရပ်ကွက်၊မွှေတော်ရပ်ကွက် စသည့် မြေနိမ့်ပိုင်းရှိ ရပ်ကွက်များတွင် ရေကြီးရေလျှံမှုများဖြစ်ပွားနေကြောင်း မောက်မယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ရေတွေကတော့ ချောင်းရေတက် ပြီးတော့ မြေနိမ့်ပိုင်းက အိမ်တွေကိုရေဝင်တာပေါ့။ဒီမနက်မှာပဲ ရေတွေစတက်တာ။မနေ့ကလည်း တနေကုန်တညလုံးမိုးရွာနေတော့ ရေစတက်တာပဲ။အခုထိမိုးရွာတုန်းဆိုတော့ အရင်တခါလိုဖြစ်မလားမပြောတက်ဘူး။ရေတွေက ဆက်ပြီးတက်နေတုန်း”ဟု မောက်မယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ မောက်မယ် လက်ရှိ ရေကြီးရေလျှံမှု ကြုံတွေ့နေရသည့် ပြည်သူအချို့သည် ကုန်မြင့်ပိုင်းရှိ ဆွေမျိုးအိမ်သို့ ပြောင်းရွှေ့ နေထိုင်နေကြပြီး မိုးများဆက်လက်ရွာသွန်းနေသောကြောင့် ရေများထပ်မံမြင့်တက်လာမည်ကို စိုးရိမ်နေကြောင်း မောက်မယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ဆင်ပြောသည်။ “ဟို့တစ်ကြိမ်က ရေကြီးလို့ […]

ကုန်ဈေးနှုန်းကြောင့် ညောင်ရွှေမြို့နယ်အတွင်း ဒေသရိုးရာစားသောက်ဆိုင်လုပ်ငန်းများရပ်နားထားရ – သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ နှင့် အင်းလေးဒေသအတွင်း ရေကြီးပြီးနောက် ကုန်စိမ်းပစ္စည်းဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် တပိုင်တနိုင်ရောင်းချလျက်ရှိသော ဒေသရိုးရာစားသောက်ဆိုင်လုပ်ငန်းများ ရပ်နားထားရကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာလ ပထမပတ်အတွင်း တိုက်ခတ်ခဲ့သော မုန်တိုင်းရာဂီ နောက်ဆက်တွဲများကြောင့် သျှမ်းပြည်တောင်ပိုင်းရှိမြို့နယ် အများအပြားရေဘေးသင့်ခဲ့ရပြီး စိုက်ပျိုးရေးလုပ်ငန်းများစွာထိခိုက်ခဲ့သည်။ ထို့နောက် ကုန်စိမ်းသီးနှံဈေးနှုန်းများ အဆမတန်မြင့်တက်လာကာ ၎င်းတို့ကို အားထားနေရသော ဒေသရိုးရာ တနိုင်တပိုင်စားသောက်ဆိုင်လုပ်ငန်းများမှာလည်း ပြန်လည်ရောင်းချရန် ကုန်ကြမ်းရှားပါးခြင်းနှင့် ဈေးနှုန်းကြီးမြင့်ခြင်းတို့ကြောင် ရပ်နားထားရကြောင်းသိရသည်။ “စားသောက်ဆိုင်လေးတွေ မထွက်နိုင်တာ တစ်လ ကျော်ပြီ၊ အစကတော့ ရေကြီးလို့ မထွက်နိုင်တာ၊ ခုက ကုန်စိမ်းဈေးက ပြန်ရောင်းလို့မကိုက်တော့အောင် ဈေးတက်သွားတာ၊ ကြက်သွန်ပင်တစ်စီး သုံးရာက တစ်စီးမှာ သုံးပင်ပဲပါတာ တစ်ပင်ကို ၁၀၀ ဖြစ်သွားတာ” ဟု ညောင်ရွှေမြို့ မင်္ဂလာဈေးအတွင်း ဈေးသည် အမျိုုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။ ရေကြီးမှုကြောင့် […]