တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ရောက်ရှိနေသော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နှစ်နိုင်ငံ သဘောတူညီပြီးဖြစ်သည့် စီမံကိန်းလုပ်ငန်းများအမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက် ရန် တရုတ်ဘက်မှ တိုက်တွန်းခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ ဝင်လည်း ဖြစ်သလို ယူနန်ပြည်နယ်ပါတီ ကော်မတီ အတွင်းရေးမှူးလည်း ဖြစ်သည့် Mr. Wang Ning က ယမန်နေ့ (နိုဝင်ဘာ ၅) ညနေ ကူမင်းမြို့ Haigeng Hotel တွင် စစ်ခေါင်းဆောင်နှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ တိုက်တွန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် နှစ်နိုင်ငံကြား နယ်ပယ်အလိုက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရန်နှင့် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးများကိုလည်း အတူတကွပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေး ခဲ့သည်ဟု စစ်ကောင်စီ ထိန်းချုပ်သော နိုင်ငံပိုင်သတင်းဌာန MTRV တွင် ယနေ့ ဖော်ပြသည်။ စစ်ခေါင်းဆောင်က စီးပွားရေး […]