အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံမှာ စစ်ဗိုလ်ချုပ်ဟောင်း ဦးသန်းရွှေရဲ့ ဓါတ်ပုံနဲ့ သတင်းကြေညာသူတစ်ဦး ပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “MRTV အတည်ပြု ကြေညာလို့ လန့်ကုန်ကြပြီ။ ဝဋ်လည်ပြီဟေ့။ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ နေအိမ်အတွင်း လုပ်ကြံခံရပြီး သေဆုံး” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။ အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ ၂၂၀၀၀ ကျော် […]
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ ဒီ Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင် ပါဝင်တဲ့ ဓါတ်ပုံတစ်ပုံရယ်၊ လေယာဉ်ပျံတစ်စီးရဲ့ ဓါတ်ပုံရယ် သတင်းကြေညာသူတစ်ဦးပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “MRTV ကြေညာလို့ တနိုင်ငံလုံး လန့်ကုန်ပြီ။ မင်းအောင်လှိုင် ရုရှားပြေးပြီ။ မနိုင်တော့မှန်း သိလို့ ခေါင်းရှောင်ပြီဟေ့” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။ အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ ၆၀၀၀၀ ကျော် […]
ဒီအကြောင်းအရာကို Yang Aung ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ နိုဝင်ဘာလ ၈ ရက်နေ့က ဖြန့်ဝေထားတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။ ဖြန့်ဝေရာမှာ ဆိုရှယ်မီဒီယာ Threads မှာ အင်္ဂလိပ်ဘာသာနဲ့ ဖြန့်ဝေထားတဲ့ ပိုစ့်တစ်ခုကို ဘာသာပြန်ပြီး ‘’Tesla, Space X, StarLink သူဋ္ဌေး အီလွန်မတ်စ်က CNN သတင်းဋ္ဌာနကို ဒေါ်လာသန်း ၃၀၀၀ ဖြင့် ဝယ်ယူရန် သဘောတူညီမှု ရရှိထား ဟုဆို’ လို့ ရေးသားဖြန့်ဝေထားတာဖြစ်ပါတယ်။ ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ အီလွန်မတ်စ်က CNN သတင်းဋ္ဌာနကို ဒေါ်လာသန်း ၃ ဘီလျံနဲ့ ဝယ်ယူဖို့ သဘောတူထားတယ်ဆိုတဲ့ ပိုစ့်တွေကို ဆိုရှယ်မီဒီယာ Threads ပေါ်မှာလည်း အင်္ဂလိပ်ဘာသာစကားနဲ့ […]
ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit Burma News ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ နိုဝင်ဘာ ၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။ ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘ထမင်းဝအောင်စားထားကြ။ Trump လက်စားချေပြီ။ Trump ဒဲ့ကြေညာထားပြီ။ အီရန်၊ တရုတ်နဲ့ စောက်ပု လက်စားချေဖို့ ကတိပြုလိုက်ပြီ။ အားရစရာကြီးဗျို့’ လို့ ရေးသား ထားတာပါ။ ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။ ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။ သတင်းဆန်းစစ်ချက် အီရန်၊ တရုတ်နဲ့ မြန်မာစစ်ခေါင်ဆောင်ကို လက်စားချေဖို့ ထရမ့် ကတိပြုတယ်ဆိုတဲ့ […]
ဒီအကြောင်းအရာကို Mandalay khitthit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ နိုဝင်ဘာ ၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။ ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘NUG ကို ထရမ့် အသိအမှတ်ပြု ဖိတ်ခေါ်ပြီ။ တရုတ်က မြန်မာပြည်သူများကို ကျူးကျော်နေပြီး အခုအချိန်မှာ NUG အစိုးရ အင်အားပြရမယ့် အချိန်ဟု တရုတ်ကို အသိပေး’ လို့ ရေးသား ထားတာပါ။ ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။ ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။ သတင်းဆန်းစစ်ချက် NUG ကို ဒေါ်နယ်ထရမ့် ဖိတ်ခေါ်တယ်ဆိုတဲ့ အကြောင်းအရာကို Boom […]
ဒီအကြောင်းအရာကို Mandalay khitthit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ နိုဝင်ဘာ ၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။ ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘ဒုချုပ်စိုးဝင်း NUG နဲ့ ဆွေးနွေးနေ။ မင်းအောင်လှိုင် တရုတ်သွားနေချိန် NUG နဲ့ အပြန်အလှန် ဆွေးနွေးနေ။ မင်းအောင်လှိုင် သစ္စာဖောက်ခံရပြီဟု တပ်တွင်း သတင်းထွက်နေ’ လို့ ရေးသား ထားတာပါ။ ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။ ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။ သတင်းဆန်းစစ်ချက် ဒုတပ်ချုပ် စိုးဝင်း NUG နဲ့ ဆွေးနွေးတယ်ဆိုတဲ့ အကြောင်းအရာကို Boom […]
ဒီအကြောင်းအရာကို Mandalay khitthit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ နိုဝင်ဘာ ၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။ ဖြန့်ဝေရာမှာ ကြာချိန် ၆ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘တရုတ်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှု အာဆီယံကန့်ကွက်။ တရုတ်ရဲ့ လုပ်ရပ် အာဏာရှင်ဆန်နေဟု အာဆီယံ ထုတ်ပြန်။ မင်းအောင်လှိုင်ကို အကြမ်းဖက်ဟု ကြေညာရန်လုပ်နေ’ လို့ ရေးသား ထားတာပါ။ ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။ ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။ သတင်းဆန်းစစ်ချက် တရုတ်နဲ့ စစ်ခေါင်းဆောင်တို့ရဲ့ တွေ့ဆုံမှု အာဆီယံ ကန့်ကွက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က […]
ဒီအကြောင်းအရာကို Khit Thit Burma News ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ နိုဝင်ဘာ ၁၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။ ဖြန့်ဝေရာမှာ ကြာချိန် ၇ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘နေပြည်တော် ပွဲဆူကုန်ပြီဗျို့။ တရုတ်က ပြန်လာတဲ့ မအလ ကြိုဆိုပွဲ ဗုံးပေါက်ကွဲ။ ဘောသရုပ်ဆောင် ခန့်စည်သူ၊ ရန်အောင်၊ ဒိန်းဒေါင် မသာပေါ်ပြီ’ လို့ ရေးသား ထားတာပါ။ ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။ ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။ သတင်းဆန်းစစ်ချက် တရုတ်က ပြန်လာတဲ့ စစ်ခေါင်းဆောင် ကြိုဆိုပွဲ ဗုံးပေါက်ကွဲတယ်ဆိုတဲ့ အကြောင်းအရာကို Boom […]
ဒီအကြောင်းအရာကို Mandalay KhitThit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ နိုဝင်ဘာ ၁၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။ ဖြန့်ဝေရာမှာ ကြာချိန် ၁၃ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘စစ်မနိုင်တော့ဘူးလို့ တိုက်ရိုက်ပြောပြီ။ မင်းအောင်လှိုင်ကို တရုတ်သတိပေးပြီ။ နောက်ဆုံးအခွင့်အရေးနဲ့ တွေ့ဆုံပေးခဲ့ပြီး ငြိမ်းချမ်းရေးမလုပ်ရင် တော်လှန်ရေး အင်အားစုက နေပြည်တော်တိုက်မည်ဟု တရုတ်သတိပေး’ လို့ ရေးသား ထားတာပါ။ ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။ ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။ သတင်းဆန်းစစ်ချက် စစ်ခေါင်းဆောင်ကို တရုတ်သတိပေးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး […]
အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ တယ်လီဂရမ်ချန်နယ်တွေက နိုဝင်ဘာလ ၂ ရက်နေ့မှာ စတင်ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ဖမ်းဆီးရမိသူတွေလို့ စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ဓါတ်ပုံအောက်မှာ “အကြမ်းဖက် NUG အဖွဲ့နှင့် ပူးပေါင်းပြီး လူကုန်ကူးနေတဲ့ အဖွဲ့ဖမ်းဆီးရမိ” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားကာ “မန္တလေးတွင် ဖမ်းဆီးရမိသည့် လူကုန်ကူး ဂိုဏ်းအဖွဲ့ဟာ NUG အဖွဲ့နှင့် ဆက်စပ်နေသူများဖြစ်ပြီး နွေဦးတော်လှန်ရေးတွင် ပါဝင်ခဲ့သည့် အမျိုးသမီးငယ်များကို အဓိကထားရောင်းစားနေသူများဖြစ်ကြောင်း စစ်ကြောချက်အရသိရှိရ” လို့ ထပ်မံရေးသားထားပါတယ်။ မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။ အဆိုပါ သတင်းအတုကို တယ်လီဂရမ် ချန်နယ်တွေအပြင် ဖေ့စ်ဘွက်အကောင့်တုတွေနဲ့ပါ လူမှုကွန်ယက်ပေါ် ဖြန့်ချီထားကြပါတယ်။ သတင်းဆန်းစစ်ချက် မန္တလေးမြို့မှာ NUG […]