[Unicode] အကယ်၍ သင်ကံကောင်းမည်ဆိုပါက တခါတရံတွင် စာတစ်စောင်ဖြင့် သင့်ဘဝကို ပြောင်းလဲပစ်နိုင်သည်။ ထိုစာတစ်စောင်မျှဖြင့် သင်အလွန်လိုချင်ဖူးသော အလုပ်အကိုင်မျိုး ရတတ်၏။ Humans of Bombay အမည်ရှိ Facebook စာမျက်နှာမှ မကြာသေးမီက တင်ခဲ့သော ပို့စ်တစ်ခုတွင် အသက် ၂၇ နှစ်အရွယ် ရှန်တနူး နိုင်ဒူ (Shantanu Naidu) ဟူသည့် အမျိုးသားက စက်မှုလုပ်ငန်းရှင် သူဌေးကြီး ရာတန် တာတာထံသို့ စာတစ်စောင်ပေးပို့ခဲ့ရာမှတဆင့် သူဌေး၏ လက်ထောက်အဖြစ် အလုပ်ရရှိသွားပုံကို ရေးသားဖော်ပြထားသည်။ ရှန်တနူးသည် ဘွဲ့ရပြီးနောက် ၂၀၁၄ ခုနှစ်တွင် Tata Group ၌ ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ သူဌေးကြီး တာတာနှင့် ရှန်တနူးတို့နှစ်ဦးက အလွန်ရင်းနှီးသော မိတ်ဆွေများအဖြစ်သို့ ပို့ဆောင်ပေးခဲ့သည်မှာ ၎င်းတို့၏ တိရ စ္ဆာန်များအပေါ် […]
အိန္ဒိယအထင်ကရ စက်မှုလုပ်ငန်းရှင်ကြီး ၊ Tata Group နှင့် Tata Sons တို့၏ အကြီးအကဲ ရာတန်တာတာ အသက် ၈၆ နှစ်အရွယ်တွင် ကွယ်လွန်သွားရာ အိန္ဒိယတစ်နိုင်ငံလုံး ဝမ်းနည်းပူဆွေးလျက်ရှိကြသည်။ IBS Software ကုမ္ပဏီ၏ ဥက္ကဌဖြစ်သူ ဗွီကေ မက်သူးစ် (VK Mathews) ကလည်း ရာတန်တာတာနှင့် ဆုံစည်းထိတွေ့ခဲ့ရပုံ အဖြစ်အပျက်တစ်ခုကို လွမ်းဆွတ်သတိရစွာ ပြန်လည်ပြောပြလာသည်။ “ကျွန်တော် သတိထားမိဆုံးကတော့ သူ့ရဲ့ ဝင့်ဝါမှုမရှိ နှိမ့်ချတတ်မှုပါ။ သူ့ရဲ့ ဟာသဉာဏ်ကလည်း အနီးမှာ ရှိတဲ့သူတွေအတွက် အလင်းဓာတ်ဆောင်ကြဉ်းပေးပါတယ်။ အခြေအတင် အခြေအနေမျိုးမှာတောင် သူ့အပေါ် ချစ်ခင်စိတ်တွေ ပေါ်ပေါက်လာစေပါတယ်” ဟု မစ္စတာ မက်သူးစ်က ပြောသည်။ “အမေရိကကိုသွားတဲ့ ခရီးစဉ်မှာ ရာတန် တာတာနဲ့အတူ သွားလာခွင့် […]