ylliX - Online Advertising Network

အမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက သင်တန်းဆင်းစစ်မှုထမ်းတွေနဲ့ ခုခံတိုက်ခိုက်နေလို့ ထွက်ပြေး၊ သေဆုံးမှုများပြားနေ

ရခိုင်ပြည်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ရှိရာ အမ်းမြို့နယ်မှာ ဒီကနေ့ နိုဝင်ဘာလ ၂၆ ရက်အထိ အာရက္ခတပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တို့ ရှစ်လကြာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ CJ Platform ရဲ့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။   အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က စစ်မှုထမ်းသင်တန်းဆင်းတပ်သားသစ်တွေကို အဓိကအင်အားဖြည့် ပြန်လည်ခုခံနေတာကြောင့် ထွက်ပြေး၊ သေဆုံးမှုများပြားပြီး စခန်းဆုတ်ခွာထွက်ပြေးမှုတွေရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက CJ Platform ကို ပြောပါတယ်။   “စစ်တပ်က စစ်ကူအင်အားလည်းရသလိုပို့နေတယ်။ စစ်မှုထမ်းတွေများနေတော့ ကျတာများတယ်။ ပို့မလောက်ဘူး။ ပြေးတာနဲ့ သေတာနဲ့။ ချောင်းမှာလည်း စစ်သားတွေတောင်မက သူတို့မိသားစုတွေပါ ထွက်ပြေးရင်းသေကြတာတွေရှိတယ်” လို့ သူက ပြောပါတယ်။   ပြီးခဲ့တဲ့နိုဝင်ဘာလ ၂၃ ရက်နေ့ကလည်း အမ်းဘက်ကို စစ်ကူလာတဲ့စစ်ကြောင်းကို AA ဘက်က အမ်းရိုးမအနီး […]