Miss Grand Myanmar အလှမယ် သဲစုညိမ်းရဲ့ အနုပညာကြေးနဲ့ လူအယောက် ၄၅၀ စာ ထမင်းဟင်း လှူဒါန်းခြင်းကို ယနေ့ နိုဝင်ဘာ ၂၄ ရက် နံနက် ၁၁ နာရီက ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် (၉၃)ရပ်ကွက်မှာ ပြုလုပ်ခဲ့ပါတယ်။ “သဲသဲတို့က အရင်ပြောထားသလိုပဲ ရရှိလာတဲ့ ကိုယ့်အနုပညာကြေးထဲက လူအယောက် ၄၅၀ စာ ထမင်းနဲ့ ဟင်းလှူ ဖြစ်တာပါ။ ဒီလို လိုအပ်တာတွေကို လှူဒါန်းခွင့်တွေ ဆက်တိုက်ဆိုသလို လှူဒါန်းခွင့်ရလို့လည်း ပီတိဖြစ်ရပါတယ်။ ခုလည်း သဲသဲ ညက တစ်ညလုံးမအိပ်ရသေးဘူးလို့ ပြောလို့ရတယ်။ ခုကလည်း ရူတင်ကနေ ဒီအလှူလေးကို တန်းလာလှူဖြစ်တာပါ။ ဆရာထူးက ကိုယ့်အဖေလို ဆရာလို အကိုတစ်ယောက်လိုလည်း ဖြစ်နေပါပြီ။ ဒီအတွက်လည်း ကျေးဇူးတင်ပါတယ်”လို့ အလှမယ် […]
Miss Grand International ရဲ့ National Costume ပြိုင်ပွဲကို ၂၀ ရက်နေ့တွင် ကျင်းပမည် ဖြစ်သည်။ ဒီပွဲမှာ သဲသဲ ၀တ်ဆင် အသုံးပြုတဲ့ နားတောင်းကတော့ ကုန်ဘောင်ခေတ်နှောင်းပိုင်းကာလ အေဒီ ၁၈-၁၉ရာစု ခန့်တွင် အသုံးပြုခဲ့သော မြန်မာ့နားတောင်းဖြစ်သည်။ ဖြုတ်နိုင်တတ်နိုင်သော အဆင့်ငါးဆင့်ပါ၀င်ပြီး ရွှေ၊ ငွေ၊ ပတ္တမြားတို့ဖြင့် ပြုလုပ်ထားသည်။ ခြေကျင်းကတော့ ရတနာပုံခေတ်နှောင်းပိုင်းကာလ အေဒီ ၁၉ ရာစုခန့်တွင် အသုံးပြုခဲ့သော ကျားခေါင်းခြေကျင်း ဖြစ်သည်။ ထိုခေတ်က ခြေကျင်းကို အဆန်းတကြယ်ဖြစ်အောင် ကျားခေါင်း၊ နရားခေါင်း၊ နဂါးခေါင်း စသည့်ဖြင့် အမျိုးမျိုး ပြုလုပ် သုံးစွဲခဲ့ကြသည်။ ဆံထိုးကတော့ ရှိရင်းစွဲမြန်မာ့ဆံထိုးလက်ရာများကို အခြေခံပြီး ပိုမိုခံ့ညားထည်ဝါအောင် ပြုလုပ်ဖန်တီးထားသော မြန်မာ့ ကနုတ်လက်ရာပါဆံထိုးကြီးဖြစ်သည်။ တိမ်မြှပ်နေသော မြန်မာ့အဆင်တန်ဆာအလှတရားများကို […]