ylliX - Online Advertising Network

မဲခေါင်ဒေသ ဝန်ကြီးချုပ်များကို  ရွေးကောက်ပွဲအရေး စစ်ခေါင်းဆောင် စည်းရုံး – Myanmar Now

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် ပြုလုပ်သည့် မဲခေါင်ဒေသဆိုင်ရာ ထိပ်သီးအစည်းအဝေးများတွင် တက်ရောက်နေသော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မဲခေါင်ဒေသနိုင်ငံ ဝန်ကြီးချုပ်များနှင့် တွေ့ဆုံစဉ် ၎င်းပြုလုပ်မည့် ရွေးကောက်ပွဲအကြောင်း ရှင်းပြခဲ့သည်ဟု စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်များတွင် တွေ့ရသည်။ ယမန်နေ့ (နိုဝင်ဘာ ၇) တွင် ထိုင်းဝန်ကြီးချုပ် ပက်တန်ရှင်နာဝပ်၊ နိုဝင်ဘာ ၆ တွင်   တရုတ်ဝန်ကြီးချုပ် လီချန်း၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနေး၊  လာအိုဝန်ကြီးချုပ် ဆုန်စေးတို့နှင့် သီးခြားစီ တွေ့ဆုံခွင့် ရခဲ့သည်ဟု ဆိုသည်။  အာဏာသိမ်းထားသည့် ၄ နှစ်အတွင်း  နိုင်ငံအများအပြားက စစ်ခေါင်းဆောင်ကို ဖိတ်ခေါ်ခြင်းမရှိ၊ ကန့်သတ်ပိတ်ပင်ထားစဉ် မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံတစ်ခုတွင် အလှည့်ကျပြုလုပ်လေ့ရှိသည့် အစည်းအဝေးကျင်းပသည့်နေရာသို့ စစ်ခေါင်းဆောင် သွားရောက်ပြီး ထိုသို့ တွေ့ဆုံနိုင်ခဲ့ရုံသာမက ရွေးကောက်ပွဲအစီအစဉ်အတွက် ထောက်ခံမှု ရယူနေခြင်း […]