ylliX - Online Advertising Network

မြန်မာ-တရုတ်ဆက်ဆံရေး ပြင်ဆင်ချိန်တန်ပြီ – Myanmar Now

ယနေ့အချိန်အခါသည် မြန်မာ-တရုတ်ဆက်ဆံရေးအပေါ် အလေးအနက် ပြန်လည်သုံးသပ်ရန် အချိန်ဖြစ်သည်။ မကြာသေးခင်က တရုတ်အစိုးရ၏ ပွင့်လင်းစွာ ထုတ်ဖော်ပြောဆိုလာခဲ့သော စစ်ကောင်စီဖက် ရပ်တည်ချက်က တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် ကြီးမားသော နောက်ဆက်တွဲအကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ပြီး၊ ၎င်း၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအမှားအတွက် တရုတ်အစိုးရသည် အဓိကတာဝန်ရှိသူ ဖြစ်လာပါလိမ့်မည်။  တရုတ်အစိုးရ၏ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) အပေါ် ဆန့်ကျင်သော ရပ်တည်ချက်နှင့် စစ်ကောင်စီကို ထောက်ခံအားပေးကူညီမည့် ရပ်တည်ချက် ထွက်ပေါ်လာပြီး နောက် တရုတ်ခေါင်းဆောင်များသည် မြန်မာ့အခြေအနေကို မှန်ကန်စွာ သုံးသပ်နိုင်ခြင်း မရှိ၊ မြန်မာပြည်သူ များ၏ဆန္ဒသဘောထားကို မှန်မှန်ကန်ကန် နားလည်သဘောပေါက်ခြင်းမရှိ၊ တရုတ်ဆန့်ကျင်ရေးနှင့် တရုတ် အကျိုးစီးပွားကို ခြိမ်းခြောက်နေသည်မှာ စစ်ခေါင်းဆောင်များသာ ဖြစ်သည်ကို မသိမြင်လေရောလား စသည့် စိတ်ပျက်လက်ပျက် ဝေဖန်သံများ […]

မြန်မာ့အရေး တရုတ်ရပ်တည်ချက်အပေါ် သံတမန်များ မေးခွန်းထုတ်နေ – Myanmar Now

မြန်မာ့အရေး တရုတ်အစိုးရ၏ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်စွက်ဖက်နေမှု အခြေအနေကို မကြာသေးခင်က ပေါက်ကြားလာသော တရုတ်အစိုးရ အထူးကိုယ်စားလှယ် နှင့် “ဝ” ခေါင်းဆောင်များအကြား ဆွေးနွေးပွဲ မှတ်တမ်းမှတစ်ဆင့် သိလာကြပြီးနောက် ရန်ကုန်အခြေစိုက် သံတမန်အသိုက်အဝန်းအကြား နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သော အခြေအနေအပေါ် စိတ်ဝင်စားမှု မေးခွန်းထုတ်မှုများကို Myanmar Now က သိရှိရသည်။ ဩဂုတ်လနှောင်းပိုင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူးအာမြို့၌ တရုတ်အစိုးရ၏ အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်း ဦးဆောင်သောအဖွဲ့ နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ/တပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးကျောက်ကောအန်း ဦးဆောင်သောအဖွဲ့တို့ တွေ့ဆုံခဲ့သည့် အစည်းအဝေးမှတ်တမ်း အသေးစိတ်ကို Myanmar Now က ဦးစွာသတင်းရေးသား ဖော်ပြခဲ့သည်။   “ဝ” အဖွဲ့ဖက်က အသေးစိတ်မှတ်တမ်းတင်ထားခဲ့သော ထိုတွေ့ဆုံဆွေးနွေးမှုမှတ်တမ်းပါ အချက်အလက်များ […]