Quad to Hamstring Ratio ကိုယ်ခန္ဒာရွေ့လျားမှုကို ထိန်းကြောင်းပေးနေသော အဓိကကြွက်သားများ ဖြစ်သည့် ပေါင်ရှေ့ကြွက်သားများ Quadriceps နှင့် ပေါင်နောက်ကြွက်သားများ Hamstring မျှတ သော ကြွက်သား ခွန်အားအချိုးကို ရအောင် လေ့ကျင့်ခြင်းသည် အားကစားသူများ၏ အကောင်းဆုံး စွမ်းဆောင်ရည် နှင့် ထိခိုက် မှု ကာကွယ်ရေး အတွက် အရေးကြီးလှပါသည် ။ ပေါင်ရှေ့ကြွက်သားများသည် ဒူးဆန့်ထုတ်၍ ကန်ထုတ်ခြင်း လုပ်ငန်းကို လုပ်ရသည်(ပေါင်နောက် ကြွက်သား တာဝန်ကဒူးကွေးရန်)၊ ပေါင်နောက် ကြွက်သားက ထိုအချိန်တွင် ဒူးတည်ငြိမ်မှုကို ထိန်းရသည်၊ ရှေ့ကကြွက်သားအားထုတ်မှုကို ထိန်းညှိရသည် ။ ရှေ့နောက် ပါဝါ မ ညီမျှ မှု သည် အားကစား စွမ်းဆောင်ရည် ပျက်ရွင်းကာ ထိခိုက် ဒဏ်ရာ […]
ပုခုံး အရည်အိတ် ရောင်ခြင်း အကြောင်း အလွယ်တကူဖတ်ရှုနိုင်ရန်ပါDr Soe Luu KyawM.B.,B.SM.Med.Sc (Rehabilitation Medicine)M.Sc (Sport and Exercise Medicine, Cardiff/UK)Fellowship in Musculoskeletal Ultrasound (NTUH/ Taiwan)အရည်အိတ်ရောင်ခြင်း ကို ပုခုံးခဲခြင်းနှင့် မှားပြီး လက်လွှဲ လက်မြှောက် လေ့ကျင့်ခန်းများ ကိုလုပ်ကြလေ့ရှိသည်၊ ရောဂါ မသက်သာလာပဲ ပိုမိုပင်ဆိုးလာတတ်သည်၊ ထို့ကြောင့် ပုခုံးခဲခြင်းနှင့် ကွဲကွဲပြားပြား သိစေရန် ပညာရှင်များနှင့် စမ်းသပ်ခြင်း လိုအပ်သော ultrasound ရိုက်ခြင်း စသော ရောဂါရှာဖွေရေးများလုပ်သင့်ပါသည်၊ ပုခုံးခဲခြင်းကမူ လေ့ကျင့်ခန်းများ လုပ်မှ အမြန်မူလအခြေအနေ ပြန်ရောက်မှု ရှိသော်လည်း အရည်အိတ်ရောင်ခြင်း၊ အရွတ်ပြဲခြင်း၊ ကျောက်တည်ခြင်း တို့တွင်မူ သတ်မှတ်ထားသော လေ့ကျင့်ခန်း အချို့ကိုသာ ညွှန်ကြားချက်ဖြင့်လုပ်သင့်ပါသည်၊ […]
#လည်ပင်းအဆစ်စသည်များလှုပ်ရှားမှုသည့်အခါအသံမြည်နေပါသလားလည်ပင်း ၊အဆစ်များကို လှုပ်ရှားမှုသည့်အခါ တခါတရံ ဂျွတ်ဂျွတ် သို့မဟုတ် ဗျောက်ဗျောက် အသံမည်သည်ဟု ပြောလေ့ရှိပါသည်။ ထိုအသံသည် သင့်အဆစ်များပတ်ပတ် လည်ရှိ အရည်များတွင် နိုက်ထရိုဂျင် ဓာတ်ငွေ့ပူဖောင်းငယ်များကြောင့် ဖြစ်လေ့ရှိသည်။အဆစ်ကို လှုပ်ရှားလိုက် သောအခါ ဒီပူဖောင်းတွေက အရွတ်အဆစ်နဲ့ ညပ်မိပြီး ပေါက်သွားပြီး အသံတွေ ထွက်လာနိုင်ပါသည်။ ပုံမှန်အားဖြင့် အန္တရာယ်ကင်းပြီး စိုးရိမ်စရာ မလိုပါ။ အသက်ကြီးလာသည် နှင့်အမျှ ပိုမိုကြားရ နိုင်လာစရာရှိသော်လည်း နာကျင်မှုမရှိလျင် စိုးရိမ်စရာမရှိပါ။ ဒေါက်တာစိုးလူကျော် M.B.,B.S,M.Med.Sc (Rehabilitation Medicine), M.Sc (Sport and Exercise Medicine, Cardiff/UK), Fellowship in Musculoskeletal ultrasound/NTUH Taiwan) အကြော၊အဆစ်၊ပြန်လည်သန်စွမ်းရေး၊အားကစား နှင့် လေ့ကျင့်ခန်းဆိုင်ရာ ဆေးပညာ အထူးကု၊ဇမ္ဗူ သီရိ […]
အဆင့်မြင့် အားကစားသမားများ ဒူးဒါဏ်ရာ တစ်ခုရပါက ACL (anterior cruciate ligament) ဟုသိကြသော ဒူးအတွင်းက အရွတ် ပြဲမည်၊ ပြတ်မည်ကိုကြောက်ကြသည်။အဘယ်ကြောင့်ဆိုသော် ပြန်ကစားရဖို့ ကြာတတ်သလို အချို့လည်း သူချစ်သော အားကစားကို စွန့်ခွာ သွားရသည် အထိရှိ ဖြစ်သည်ကို ကြားဖူးကြ၍ဖြစ်ပါသည်။ ACl ဒဏ်ရာများသည် ခုန်ရသော၊ ခုန်ချရသော၊ လှည့်ခြင်းများများလုပ်ရသော နှင့် ရုတ်တရက် အရှိန်သတ် ကစားရသော အားကစားနည်းများတွင် မကြာခဏ ဖြစ်တတ်သည် (ဥပမာ ဘောလုံး၊ ဘတ်စကတ်ဘော၊ ရပ်ဘီ၊ လက်ပစ်ဘော၊ ကျွမ်းဘား၊ စကိတ်၊ တင်းနစ်၊ ဘော်လီဘော )။ အရွတ်၏ ခန္ဓာဗေဒ ACL အရွတ် သည် ဒူးဆစ်ရှိ အဓိက အရွတ် လေးခုထဲမှ တစ်ခုဖြစ်သည်။ […]