သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ် နောင်တရားမြို့သို့ ရောက်ရှိလာသည့် စစ်ရှောင်အမျိုးသားတစ်ဦးသည် နေရပ်ပြန်ပြီး ခြံစဉ်နေစဉ် မြေမြုပ်မိုင်းနင်းမိကာ အပြင်းအထန် ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ရက် နေ့လည် ၁၁နာရီတွင် ပင်လောင်းမြို့နယ် နောင်တရားမြို့သို့ စစ်ဘေးလာရှောင်သည့် အမျိုးသားသည် ၎င်း၏နေရပ်ဖြစ်သည် နောင်ဝိုးကျေးရွာပြန်သွားပြီး ခြံရှင်းနေစဉ် မြေမြုပ်မိုင်းနင်းမိကာ ပြင်းထန်ဒဏ်ရာရရှိကြောင်း အသက် ၃၅နှစ်အရွယ်ရှိ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ အိမ်ပြန်သွားတဲ့ အမျိုးသားတစ်ယောက် သူ့အိမ်နောက်ဖေးက ခြံထဲမှာ သန့်ရှင်းရေးလုပ်ရင်းနဲ့ မြေမြုပ်မိုင်းနင်းမိတာ။ သူခြေထောက်ကတော့ တော်တော်လေးထိသွားတယ်။ အခု အောင်ပန်းစစ်ဆေးရုံကို ပဲ ချက်ချင်းပို့ပေးတယ်။”ဟု ၎င်းကပြောသည်။ ပင်လောင်းစစ်ရှောင် အဆိုပါ မိုင်းနင်းမိသူသည် အသက် ၅၀အရွယ်ရှိ အမျိုးသားဖြစ်ပြီး၊ ပြီးခဲ့သည့် အောက်တိုဘာလ တွင် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် […]
သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် သုံးပတ်အတွင်း ဒေသခံ (၁၇) ဦးသေဆုံးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ကထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ (၁)ရက်နေ့မှ ၂၁ ရက်နေ့အထိ သုံးပတ်အတွင်း ဒေသခံ (၁၇)ဦးသေဆုံးပြီး ၂၆ ဦးဒဏ်ရာကာ နေအိမ်အများပြား ပျက်စီးသွားခဲ့ သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ စစ်ကောင်စီမှ တပ်ကြီးကုန်း ကျေးရွာသို့ နိုဝင်ဘာလ (၂၀)ရက်နေ့ ညနေပိုင်းနှင့် သန်းခေါင်ယံအချိန်တွင် ဂျက်ဖိုက်တာဖြင့် ဗုံး(၄) ကြိမ်လာရောက်ကြဲချမှုကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သျှမ်းသံတော်ဆင့်မှ စုံစမ်းသိရှိရသည်။ စစ်ကောင်စီတပ်မှ ပြည်သူများကိုဦးတည်ကာ လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင် လာနေသောကြောင့် ဒေသခံများကို လူစုလူဝေးမပြုလုပ်ရန် နှင့် လေကြောင်းရန် ကာကွယ်ရန် အသိပေးထုတ်ပြန်ချက်များကို လိုက်နာရန် ပြောဆိုထားသည်။ နောင်ချို […]
သျှမ်းပြည် မိုးနဲမြို့တွင် စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများ မဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်ပြီး စစ်မှုမထမ်းဘဲ ထွက်ပြေးပါက ထိထိရောက်ရောက်အရေးယူခံရမည်ဟု စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးက ဒေသခံများကိုခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သတင်းရရှိသည်။ အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား အမျိုးသမီးများသည် ၂ နှစ် မဖြစ်မနေစစ်မှုထမ်းရမည်ဟု နိုဝင်ဘာလ ၂၀ ရက် က ပြုလုပ်သည့် အစည်းအဝေးအတွင်း အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့သည်။ “အခုက လူငှားလည်း မယူရတော့ဘူး။ ကိုယ်တိုင် သွားရမယ်တဲ့။ လူစာရင်းတွေက ထွေအုပ်မှာ အကုန်ရှိပြီးသားမို့ ဘယ်သူကံကောင်းမလဲတော့ မသိတော့ဘူးဗျာ။ ထွက်ပြေးရင်လည်း ထိထိရောက်ရောက် အရေးယူမယ်လို့ ပြောထားတယ်။ ညဘက်အပြင်ထွက်လို့ ဖမ်းသွားရင်လည်း တာဝန်မယူဘူးလို့ ပြတ်ပြတ်သားသားပြောထားတယ်” ဟု […]
သျှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် လအိကျေးရွာရှိ ဘန်ကောက်စစ်ရှောင် စခန်းကို စစ်ကောင်စီမှ ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များထံ စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၁၈ ရက်) နံနက် ၁၁ နာရီ အချိန်တွင် စစ်ကောင်စီမှ ဘန်ကောက်စစ်ရှောင် စခန်းကို လေကြောင်းဖြင့် (၆ ) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု စစ်ရှောင် ကူညီနေသူ တစ်ဦးထံမှ သိရသည်။ “ လအိရွာနားဘက်က ဘန်ကောက်စစ်ရှောင်စခန်းကို ကြဲသွားတာ။ လေယာဉ်နဲ့ ၆ ကြိမ်လာပစ်တယ်။ အရင်က ဗုံးကြဲခဲ့တဲ့ စစ်ရှောင်စခ န်းပဲ။ သူတို့က စစ်ရှောင်တွေကို အဓိက တိုက်ခိုက်နေတာ။ သတိနဲ့ နေကြရင်တော့ အကောင်းဆုံးပေါ့။” ဟု စစ်ရှောင်ကူညီနေသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ လေကြောင်း […]
မြန်မာ-တရုတ်နယ်စပ်ဒေသရှိ ဂိတ်များကို တရုတ်ဘက်က ပိတ်ဆို့မှုများကြောင့် ကုန်စည်စီးဆင်းမှု ကျဆင်းလာကာ သျှမ်းပြည် မြောက်ပိုင်း တစ်ဝှမ်းတွင် ကုန်ဈေးနှုန်းအဆမတန် မြင့်တက်လာနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ ညီနောင်မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားသည့် မြန်မာ-တရုတ်နယ်စပ်ဒေသရှိ ကုန်သွယ်ရေးဂိတ်များအပြင် စစ်ကောစီတပ် ထိန်းချုပ်ထားသည့် မူဆယ်မြို့ရှိ ကုန်သွယ်ရေးဂိတ်များကိုပါ တရုတ်ဘက်က ကုန်စည်တင်းကျပ်၊ ကန့်သတ်၊ ပိတ်ပင်ခြင်းကြောင့် ကုန်စည်စီးဆင်းမှု ကျဆင်းလာနေကြောင်း သိရသည်။ စစ်တပ်ထိန်းချုပ်ထားသည့် မူဆယ်မြို့ရှိ ဂိတ် ၃ ခုအနက် ကုန်တင်ကားကြီးများဝင်ထွက်နိုင်သည့် ဂိတ်ကို (နိုဝင်ဘာ ၁၁ ရက်နေ့)တွင် တရုတ်က ပြန်ဖွင့်ပေးလိုက်ပြီး အခြားဂိတ်များမှ ကုန်စည်သယ်ယူမှုကို ထပ်တိုးတင်းကျပ်ထားသည်။ “အခု ခရမ်းချဉ်သီး ၁ ပိသာကို ၈,၀၀၀ ကျော်၊ ၉,၀၀၀ ဝန်းကျင်ရှိတယ်။ ၁ ပိသာမှာ အလုံး ၃၀ […]
သျှမ်း-ကရင်နီပြည်နယ်စပ် သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့၊ ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ပူပေါင်းတပ်ဖွဲ့က လမ်းများပိတ်ပင်ထားသည့်အတွက် ဒေသခံများ စပါးရိတ်သိမ်းရန်နှင့် ပြောင်းကုန်ရောင်းရန် ခက်ခဲလာနေသည်ဟု စုံစမ်းသိရသည်။ ပင်လောင်းမြို့နယ် ဗန်းမောက်ကျေးရွာတွင် တိုက်ပွဲများကြောင့် ပြည်သူ ထွက်ပြေးတိမ်းရှောင်နေချိန် စစ်ကောင်စီ နှင့် PNO ပူပေါင်းတပ်ဖွဲ့က ဒေသခံများ၏ ချွေးနဲစာဖြင့် စိုက်ပျိုးထားသည့် စပါးခင်းများကို ရိတ်သိမ်းယူဆောင်သွားနေသည်ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီပင်လောင်းတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာတွေအများကြီးပဲ စပါးတွေစိုက်ပြီး ပြန်ရိတ်သိမ်းဖို့ ခက်ခဲနေတဲ့ကာလကို စစ်တပ်နဲ့ ပအိုဝ်းပြည်သူ့စစ်တွေက အခွင့်ကောင်းယူပြီး ရှိသမျှစပါးခြံတွေကို ရိတ်သိမ်းသွားကြတယ်။ ကျမတို့ ပြန်လာရမှာတောင် ကြောက်နေတယ်”ဟု ၎င်းက ပြောသည်။ ပင်လောင်းစစ်ရှောင်များပုံ ထို့ပြင် ကရင်နီပြည်အတွင်း တိုက်ပွဲကြောင့် ဖယ်ခုံမြို့နယ်သို့ စစ်ရှောင်လာသည့် ပြည်သူများသည် တပိုင်တနိုင် […]
သျှမ်းတောင်၊ ရပ်စောက်မှ သျှမ်းမြောက်သို့ သွားရာလမ်းကို စစ်ကောင်စီတပ်က ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း ယာဥ်မောင်းများက ယမန်နေ့ (နိုဝင်ဘာလ ၁၂) တွင် ပြောသည်။ သျှမ်းတောင်မှ မြောက်ပိုင်းသွားသည့် ရပ်စောက်-ကျောက်ဂူ လမ်းပိုင်း၊ ရပ်စောက်မြို့ အထွက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်က ယမန်နေ့ (နိုဝင်ဘာ ၁၄)ရက် နံနက် အစောပိုင်းတွင် ပိတ်ဆို့လိုက်သဖြင့် မြောက်ပိုင်းသွားမည့် ကားများ ပြန်လှည့်လာရသည်ဟု ယာဉ်မောင်း တဦးက ဆိုသည်။ “ရပ်စောက် အထွက် စစ်တပ် စစ်ဆေးရေးဂိတ်က မြောက်ပိုင်းသွားမယ့်ကားတွေ လုံးဝ ပေးမဖြတ်တော့ဘူး။ မြောက်ပိုင်းကလာတဲ့ ကားတွေကတော့ (တောင်ပိုင်း) လာလို့ရတယ်။ မြောက်ပိုင်းဘက် ပေးမသွားတော့တာ။ ဘယ်လောက်ကြာမလဲ ဆိုတာတော့ ဂိတ်က စစ်သားတွေလည်း မသိဘူး ပြောတယ်” ဟ ၎င်းကရှင်းပြသည်။ သျှမ်းတောင်-မြောက်ကို […]
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ အတွင်း လူငယ်များဖမ်းဆီးခံရသည့် ကိစ္စများ ယခုရက်ပိုင်းအတွင်း ပိုမိုကြုံတွေ့လာရကြောင်း စုံစမ်းသိရှိရသည်။ အောက်တိုဘာလ ၃၀ ရက် ညအချိန်တွင် အဝေရာမီးပုံးပျံကွင်းသို့ရောက်ရှိနေသော လူငယ် ၂၀ ကျော်အား မူးယစ်ဆေးဝါးစစ်ဆေးသည့် အကြောင်းပြချက်ဖြင့် စစ်တပ်နှင့် ရဲများမှ ဝင်ရောက်ဖမ်းဆီးမှုများ ရှိခဲ့ကြောင်းသိရသည်။ “အဝေရာကွင်းမှာက ညညထိုင်နေတဲ့ လူငယ်အုပ်စုတွေကအမြဲရှိကြပါတယ်၊ မူးယစ်ကိစ္စလုပ်တဲ့ လူငယ်တွေလည်း ရှိကောင်းရှိနိုင်တာပေါ့၊ ဒါမယ့် ဒီကာလမှာ ခုလိုဖမ်းတာက စစ်မှုထမ်းခိုင်းဖို့ ကိစ္စရယ်၊ ပိုက်ဆံညစ်ချင်လို့ရယ်ဖြစ်မှာပဲ” ဟု တပ်တွင်းနှင့် နီးစပ်သူ သတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ လက်ရှိတွင် ဖမ်းဆီးခံရသောလူငယ်များပြန်လည် လွတ်မြောက်ခြင်းရှိမရှိအသေးစိတ် မသိရသေးပေ။ စစ်ကောင်စီမှ စစ်သားပြုန်းတီးမှုများကို ပြန်လည်ဖြည့်တင်းရန် မဖြစ်မနေ စစ်မှုထမ်းရမည့် ဥပဒေအား အသက်သွင်းထားသည့် ကာလဖြစ်သည့်အတွက် လူငယ်များအနေဖြင့်လည်း မိမိလုံခြုံရေးကို ဂရုပြုစေလိုကြောင်း […]
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် ထမ်းစမ်းဂူတွင် ပြန်လည်ထူထောင်ရေးကာလ၌ အခက်အခဲကြားမှ ပွဲတော်ပြန်လည်ကျင်းပခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၃၁ ရက်)တွင် ဟိုပုံးမြို့နယ် ထမ်းစမ်းကျေးရွာရှိ ထမ်းစမ်းဂူ ဘုရားပွဲတော်ကို ပြန်လည်ကျင်းပပြုလုပ်ခဲ့ပြီး မဲနယ်တောင်ကြောမှ ရေဘေးသင့် ကျေးရွာများ အပါအဝင် ရွာပေါင်း (၈၀) ကျော်မှ ဒေသခံများ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။ သဘာဝဘေးနှင့် စစ်ဘေးကြုံရသူများက အဆိုပါ ထမ်းစမ်းဂူ မီးထွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသည်ထက် ဒေသပြန်လည်ထူထောင်ရေးကို ပိုပြီး အာရုံစိုက်သင့်ကြောင်း၊ ဒုက္ခရင်ဆိုင်နေရသည့်ကြား ပွဲတော်ကျင်းပသည်မှာ အဆင်မပြေမှုများစွာ ရှိကြောင်း ပအိုဝ်းလူငယ် တစ်ဦးက ပြောသည်။ “ကိုးကွယ် ယုံကြည်မှု တစ်ခုလို့ပဲ မြင်တယ်ပေါ့လေ။ ဒါပေမယ့် ကိုယ်တွေက ဒီလို ရေဘေးဖြစ်လိုက်၊ စစ်ဘေးဖြစ်လိုက်နဲ့ သောကမျိုးစုံ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အချိန်မှာ […]
သျှမ်းပြည် ကျေးသီးမြို့နယ်သို့ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် (၅၀၀) ကျော်အတွက် စောင်နှင့် အနွေးထည်များ လိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်မှ စတင်ပြီး လားရှိုး၊ ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်များ တိုက်ပွဲပြန်လည် ပြင်းထန်ခဲ့ပြီးနောက် ဒေသခံများ ဘေးလွတ်ကင်းရာ မြို့၊ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ထို့နောက် ကျေးသီးမြို့သို့ ရောက်ရှိလာသည့် စစ်ဘေးရှောင် (၅၀၀) ကျော်သည် (၃) လကျော်ကြာ တိမ်းရှောင်နေပြီးနောက် လက်ရှိတွင် စားဝတ်နေရေး ခက်ခဲသည့်အပြင် စောင်နှင့် အနွေးအထည် အဝတ်အစားများ လိုအပ်နေကြောင်း စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တိုက်ပွဲဖြစ်ကတည်းက ပြေးလာကြတာ ၃ လ ကျော်နေပြီ။ အခုကတော့ စားဝတ်နေရေး အတွက်ထက် […]