ylliX - Online Advertising Network

အကြောက်တရားအောက်တွင် ရန်ကုန်မှ မန္တလေးသို့ ခရီးသွားခြင်း – Myanmar Now

ရန်ကုန်မှ မန္တလေးမြို့သို့ သွားမည့် အဝေးပြေးကားထဲတွင် ခရီးသည်တို့အတွက် ဝန်ဆောင်မှုများ၊  တားမြစ်ချက်များကို ယာဉ်လိုင်းဝန်ထမ်းက ဖတ်ပြနေသည်။ မှတ်ပုံတင်များ ကြိုတင်ထုတ်ထားရန်၊ စစ်ဆေးရေးဂိတ်များတွင် ဖုန်းမသုံးရန်၊ ဖုန်းမပြောရန်၊ ဓာတ်ပုံ၊ ဗီဒီယို မရိုက် ကူးရန် သတိပေးပြီးသည်နှင့် ကားသည် အောင်မင်္ဂလာဝင်းမှ စတင်ထွက်ခွာလာခဲ့သည်။ စစ်တပ် အာဏာမသိမ်းခင်က မိုင် ၃၀၀ ကျော်ရှည်လျားသည့် ဤခရီးလမ်းကို လစဉ် သွားလာဖူးသည့် ကျွန်တော့်အတွက် ဤလမ်း၏ အဓိက ပြောင်းလဲမှုမှာ လမ်းတလျှောက်  စစ်ယူနီဖောင်းဝတ်များနှင့် ယာဉ်ထိန်းရဲများ ပါဝင်သော အဖွဲ့  ၁၀ ဖွဲ့ထက်မနည်းကို  ကျော်ဖြတ်ရခြင်းပင်။   ကားထွက်ပြီး ဇီးရိုးမိုင် မရောက်ခင်တွင် ယာဉ်အကူ၏ သတိပေးသံကို ကြားလိုက်ရသည်။ “စစ်ဆေးရေးဂိတ် ဖြတ်ပါတော့မယ်။ ဖုန်းမသုံးပါနဲ့၊ ဖုန်းများ ချထားပါ၊ မှတ်ပုံတင်များ အဆင်သင့် […]

စစ်မီးရှောင်တစ်ယောက်၏ ရွာငံ ခရီးသွားအတွေ့အကြုံ   – Myanmar Now

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့လေးသို့ ရောက်ရန်  ၂ နာရီသာ လိုတော့ကြောင်း မြေပုံညွှန်းဆိုချက်ကိုကြည့်ကာ စိတ်ရွှင်လန်းလာသည်။  မိတ်ဆွေတစ်ဦးနှင့်အတူ  မန္တလေးမှ ကျောက်ဆည်မြို့အထိ  တစ်နာရီခွဲနီးပါး ဆိုင်ကယ်စီး ခရီးနှင် လာခဲ့ရသည်။  တိုက်ပွဲများနီးကပ်လာပြီး လူနေမှုကြပ်တည်းခက်ခဲလှသည့် မန္တလေးမြို့မှ ရွှေ့ပြောင်းသွားလိုသောကြောင့် ရွာငံသို့ သွားနေခြင်းဖြစ်သည်။ မန္တလေးနှင့်ကျောက်ဆည်မြို့ ဆိုင်ကယ်ခရီးမှာ နာရီဝက်ကျော်မျှသာ ရှိသော်လည်း လမ်းတွင်   ရဲကင်းဂိတ်အများအပြားရှေ့   ဆိုင်ကယ်ရပ်၊ လမ်းလျှောက်အစစ်အဆေးခံနေကြရသောကြောင့် အချိန်ကုန်လွန်းလှသည်။  ထိုအခြေအနေသည် အာဏာသိမ်းပြီးနောက်မှ ဖြစ်ပေါ်လာခြင်းပင်။  နိုင်ငံအနှံ့စစ်အာဏာသိမ်းမှု ဆန့်ကျင်ခဲ့သူများကို ပစ်ခတ်သတ်ဖြတ်နှိမ်နှင်းခဲ့သည့် စစ်တပ်က ၃နှစ်ကျော်အကြာ အာဏာသိမ်းမှုဆန့်ကျင်သူတို့မှ ပေါက်ဖွားလာသည့် လက်နက်ကိုင်တော်လှန်သူတို့၏ ရန်ကြောင့်  နောက်ကျောမလုံ ဖြစ်နေကြသည်။ အတွေးစတို့ ခေတ္တရပ်တန့်သွားသည်။     ကျောက်ဆည်မြို့နယ်အတွင်း  သံရွာရဲစခန်းရှေ့ စစ်ဆေးရေးဂိတ်တွင် ကွန်ကရစ်ဖြင့် ဆောက်လုပ်ထားသည့် အလုံပိတ်ကင်းမျှော်စင်နှစ်ခု ရှိသည်၊ […]