(မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၂၄ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ အဆမတန် ဈေးမြင့်တက်မှုဒဏ်နဲ့ ပြည်သူလူထု ပြည်တွင်းမှာ နေထိုင်နေကြတဲ့ လူအများစုရဲ့ ခံစားနေရတဲ့ ဒုက္ခတွေ အခက်အခဲတွေလို့ဆိုရင် စစ်ဘေးရန်က အသက်အန္တရာယ် ထိခိုက်နိုင်ခြေက ပထမဆုံးဖြစ်ပါလိမ့်မယ်။ ဒုတိယ အနေနဲ့ ဖမ်းဆီး နှိပ်စက်ခံရမယ့် အန္တရာယ်၊ အဲဒီနောက်မှာတော့ ပိုင်ဆိုင်တဲ့ နေအိမ်၊ ပစ္စည်းဥစ္စာတွေ ပျက်စီးဆုံးရှုံးမယ့် အန္တရာယ် ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အသက်ရှင်သန်နေထိုင်ရေး နေ့စဥ် ရုန်းကန် ကျော်ဖြတ်နေကြရတဲ့ အခြေအနေက အန္တရာယ်လို့ မခေါ်ဆိုနိုင်ပေမယ့် ခက်ခဲလွန်းတဲ့ အနေအထား အခုလို စစ်မက်ဖြစ်ပွားတဲ့ အခြေအနေအောက်မှာ ပုံမှန် စားသောက် အသက်ရှင်သန်ရေးက တနေ့ထက် တနေ့ ပိုမိုခက်ခဲလာနေတာ ဖြစ်ပါတယ်။ ပိတ်ဆို့ခံထားရတဲ့ ဒေသမဟုတ်တဲ့ ရန်ကုန်မြို့လိုမှာ ဖြစ်နေတဲ့ […]