ylliX - Online Advertising Network

မြိတ်မှာ ဖုန်းသုံးပြီးလမ်းလျှောက်ချိန် ရေထဲပြုတ်ကျတဲ့ လှေလုပ်သားသေဆုံး – Dawei Watch

Dawei Watch စာပေမှ ထုတ်ဝေသော စာအုပ်များ The Coup စစ်အာဏာသိမ်းမှု ကပ်ရောဂါဆိုင်ရာ ကျန်းမာရေး ကိုဗစ်အထူး ကဏ္ဍ ကုန်ဈေးနှုန်း ကော့သောင်း ခရီးသွားဆောင်းပါး ခရီးသွားလုပ်ငန်း စီးပွားရေး စီးပွားရေးသတင်း ဆောင်းပါး ဆောင်းပါး(အမျိုးသမီး/လူငယ်) တစ်ပတ်အတွင်း တနင်္သာရီသတင်း တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ တနင်္သာရီ နေ့စဉ်သတင်း တနင်္သာရီပုံရိပ် တွေ့ဆုံခန်း ထုတ်ဝေရေး ဓလေ့ သမိုင်းပေါ့ကပ် ဓလေ့/သမိုင်း ဓာတ်ပုံ သတင်း ဓာတ်ပုံ အက်ဆေး ဓာတ်ပုံများ နိုင်ငံတကာသတင်း နိုင်ငံရေး ပြည်တွင်းသတင်း ပုံနှိပ်ထုတ်ဝေမှု ဖတ်ညွှန်း ဖျော်ဖြေရေး ဖွင့်ဆိုရှင်းလင်းချက် မြန်မာ့ရေးရာ ရွှေ့ပြောင်းလုပ်သား ရွေးကောက်ပွဲ ရုပ်ပုံလွှာ ရုပ်ရှင်အညွှန်း ရုပ်သံ(အမျိုးသမီး/လူငယ်) ရုပ်သံသတင်း လမ်းညွှန် သတင်းဆောင်းပါး သတင်းဆောင်းပါး သတင်းဆောင်းပါး […]

မြိတ်တွင် ဖုန်းသုံးပြီးလမ်းလျှောက်စဉ် ရေထဲပြုတ်ကျသည့် လှေလုပ်သားသေဆုံး – Dawei Watch

မြိတ်မြို့ရှိ ဆိပ်ငယ်ဘောတံတားပေါ်က လှေလုပ်သားတစ်ဦး ရေထဲပြုတ်ကျပြီး သေဆုံးကြောင်း ကယ်ဆယ်ရေး လုပ်သူများနှင့် မျက်မြင်တွေ့ခဲ့သည့် ဒေသခံများထံမှ သိရသည်။ အောက်တိုဘာလ ၃၀ ရက် ည ၇ နာရီဝန်းကျင်တွင် လက်ကိုင်ဖုန်းသုံးပြီး လမ်းလျှောက်နေစဉ် ရေထဲပြုတ်ကျသွားခြင်း ဖြစ်ကြောင်း အခင်းဖြစ်နေရာအနီးအနားတွင်ရှိနေသည့် ဒေသခံတစ်ဦးက ပြောသည်။ ရေထဲပြုတ်ကျပြီးချိန်တွင် ချက်ချင်း ရှာဖွေကယ်ဆယ်ခဲ့သော်လည်း ရှာမတွေ့ခဲ့ကြောင်း ကယ်ဆယ်ရေးတွင် ပါဝင်သူတစ်ဦးက ဆိုသည်။ နောက်တစ်ရက်ဖြစ်သည့် ယနေ့ အောက်တိုဘာ ၃၁ ရက် မွန်းလွဲ ၁နာရီခွဲခန့်တွင်မူ ရေထဲပြုတ်ကျသူ၏ ရုပ်အလောင်း ကို မြိတ်မြို့ကမ်းနားလမ်းတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း နာရေးကူညီမှုအသင်းဝင်တစ်ဦးက ပြောဆိုသည်။ “မြိတ်ကမ်းနားလမ်းမှာပဲ ပြန်တွေ့တယ်။ အမည်ကိုတော့ မိသားစုနဲ့ ဆက်သွယ်ပြီး အတည်ပြုနိုင်ဖို့ ကြိုးစားနေတုန်းပါ” ဟု အဆိုပါ နာရေးကူညီမှုအသင်းဝင်က ပြောသည်။ […]