ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာရှိတဲ့ ဘေလီသံဘောင်တံတားပျက်ဆီးနေတဲ့အတွက် လမ်းသွားလမ်းလာဒေသခံတွေနဲ့ တံတားအသုံးပြုနေတဲ့ ကျောင်းသူ၊သားတွေအတွက် အန္တာရယ်ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီတံတားဟာ လုံးခင်းကျေးရွာ အထက်တန်းကျောင်းမှာတက်နေတဲ့ ကျောင်းသား၊သူတွေအတွက် အရေးကြီးဆုံးတံတားဖြစ်ပြီး ကြမ်းခင်းအပြား ၃ ပေလောက်လန်ထွက်နေတာကြောင့် အမြန်ဆုံးပြုပြင်ပေးဖို့နဲ့နှစ်စဥ်ထိန်းသိမ်းပေးဖို့ ဒေသခံတစ်ဦး ခုလိုပြောပါ တယ်။ “သွားလို့လာလို့တော့ရပါတယ်။ ကျောင်းတက်ဆင်းချိန်ဆိုရင် အခက်အခဲဖြစ်တာပါ။ နောက်တစ်ခုက ညပိုင်း မမြင်မစမ်းနဲ့ဆိုရင် အန္တာရယ်ရှိနိုင်တယ်။ ဘေးပတ်ဝန်းကျင်ကရွာတစ်ချို့နဲ့ လုံးခင်းအထက ကျောင်းအတွက်အားအကိုးရဆုံးတံတားပါ”လို့ ဒေသခံတစ်ဦး ပြောပါတယ်။ ဘေလီသံတံတားပေါ် ဆိုင်ကယ်နဲ့ကားတွေ အသွားအလာများသလို သက်တမ်းကြားမြင့်လာပြီဖြစ်တဲ့အတွက် ကားကြီးတွေကိုဖြတ်ခွင့်မပေးပဲ ၃ တန်အောက်ကားသေးနဲ့ ယာဥ်ငယ်တွေကိုသာ ဖြတ်သန်းခွင့် ပေးထားတဲ့တံတားဖြစ်ပါတယ်။ မကြာခဏပြုပြင်နေရတဲ့တံတားဖြစ်သလို ဒီတစ်ကြိမ်မှာတော့ သံပြားလံတာကနေ သံပြားပါးပြီး ဂဟေစတွေလန်ပြီး ပျက်ဆီးသွားတာလို့ ဒေသခံတွေကပြောပါတယ်။ “တံတားကပေါက်တာပါ။ တံတားကျိုးတာမဟုတ်ပါဘူး။ ဆိုင်ကယ်နဲ့ကားတွေအသွားအလာများတယ်။ ပြုပြင်ထားတာတွေကလည်း စံချိန်မမှီတာလား အဲ့လိုထင်တယ်။ အခုက သံပြးလန်တာကနေ သံပြား ပါးပြီး ဂဟေစတွေလန်ပြီးဖြစ်သွားတာ”လို့ ဒေသခံတစ်ဦး ပြောပါတယ်။ ဘေလီသံဘောင်တံတားဟာ လုံးခင်းဒေသခံတွေအတွက်သာမက အဲ့ဒီအနီးတစ်ဝှိုက်က ငြိမ်းချမ်း၊ မလန်း စတဲ့ကျေးရွာက ဒေသခံတွေရော အဓိကအားကိုးရတဲ့တံတားဖြစ်သလို မိုးကောင်းလမ်း နဲ့ မှော်ထဲကို ဆက်သွယ်ပေးထားတဲ့ ဥရုချောင်းဖြတ်ပထမဆုံးတံတားတစ်ခုဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ By- အမိုး The post လုံးခင်းရွာ ဘေလီသံတံတားပျက်ဆီးနေပြီး အမြန်ဆုံးပြုပြင်ပေးဖို့လိုအပ်နေ appeared first on Kachin News Group (KNG). Source link
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့အဝင်တံတား ပြန်မဆောက်ပေးသေးတာကြောင့် ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေ ခက်ခက်ခဲခဲ သွားလာနေရဆဲလို့ သိရပါတယ်။ ၂၀၂၄ ခုနှစ် မေလမှာ နန်းယွန်းမြို့မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ရေစီးနဲ့မျှောပါပျက်စီးသွားတဲ့ နန်းယွန်းမြို့အဝင်တံတားဟာ ၆ လကျော်ကြာလာတဲ့အထိ တံတားသစ်ပြန်တည်ဆောက်ပေးခြင်းမရှိသေးဘူးလို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “တံတားကမထိုးပေးသေးဘူးဗျာ။ဒီတိုင်းပဲစက်လှေနဲ့ကူးနေရတာ လူတစ်ယောက်ငါးထောင်ပေးရတယ် ဆိုင်ကယ်လည်းအလွတ်ဆိုရင်တစ်စီးငါးထောင်ကုန်နဲ့ဆိုရင်တော့တစ်စီး ၁၀၀၀၀ ၊၁၅၀၀၀ အထိပေးရတယ်”လို့သူကပြောပါတယ်။ ကျိုးသွားတဲ့တံတားဟာ နန်းယွန်းမြို့နဲ့၃ မိုင်ကျော်အကွာမှာရှိတာဖြစ်ပြီး ဒေသခံတွေအဓိကအသုံးပြုနေတဲ့တံတားဖြစ်သလို ရှင်ဗွေယန်–နန်းယွန်းကြားလီဒိုကား လမ်းမပေါ်မှာတည်ရှိတဲ့ အရေးပါတဲ့တံတားတစ်ခုလည်းဖြစ်ပါတယ်။ “ကျွန်တော်တို့နန်းယွန်းသားတွေကအဓိက တောင်ယာခုတ်စားကြတာလေ။တံတားဟိုဘက်ကမ်းမှာတောင်ယာခင်တွေအများကြီးရှိတယ် တစ်နေ့တစ်နေ့မပေးနိုင်ဘူးလေပိုက်ဆံအဲ့တော့တောင်ယာခုတ်တဲ့လူတွေလည်း ဘာမှလုပ်လို့မရတော့ဘူးဖြစ်နေတယ်”လို့ နောက်ထပ် ဒေသခံအမျိုးသား တစ်ဦးဆက်ပြောပါတယ်။ ဒါ့အပြင် နန်းယွန်းဒေသအတွက် ကုန်စည်တွေ တင်သွင်တဲ့ တစ်ခုတည်းသောလမ်းကြောင်းမှာရှိပြီး ခုလိုတံတားကျိုးသွားတာကြောင့် ကုန်တွေကိုနှစ်ဆင့်ခံပြီးသယ်ယူနေရတယ်လို့ သိရပါတယ်။ ဒါကြောင့် နန်းယွန်းဒေသထဲမှာ စက်သုံးဆီ၊ စားသောက်ကုန်နဲ့အခြားကုန်စျေးနှုန်းမဆမတန်မြင့်တက်နေတယ်လို့သိရပါတယ်။ တံတားပြန်ဆောက်ပေးဖို့အတွက် […]