ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ၁၄ လမ်းဆုံတွင် ယနေ့ နိုဝင်ဘာ ၁၅ ရက်ည ၈ နာရီခွဲခန့်က ပံ့သကူကောက်သည့် အမျိုးသမီးတစ်ဦးကားတို-က်ခံရပြီးေ-သဆုံးသွားခဲ့ကြောင်း ကနောင်လူမှုကူညီရေးအသင်းထံမှ သိရသည်။ ရွှေပြည်သာမြို့နယ်၊ ပုလဲလမ်းရှိ ၁၄ လမ်းဆုံတွင် ကားတစ်စီးပေါ်မှပိုက်ဆံကျဲချသည်ကို မိခခင်ဖြစ်သူအပါအဝင် သားအမိ(၄)ဦးကပြေးကောက်စဥ် နောက်မှမောင်းနှင်လာသောကားတစ်စီးမှ အသက်(၄၀)နှစ်ရှိ မိခင်ဖြစ်သူအားဝင်တို-က်မိခဲ့ကြောင်း သိရသည်။ ” ကလေ-း(၃)ယောက်ကတော့လွတ်သွားတယ်။ ကြောက်လန့်ပြီးထွက်ပြေးသွားလို့ မနည်းပြန်ရှာခဲ့ရတယ်။ သူတို့ရဲ့အမေကတော့ ကားတို-က်ခံခဲ့ရပါတယ်။ ကားပေါ်ကနေပိုက်ဆံကျဲသွားတာကိုပြေးကောက်ကြရင်း အခုလိုဖြစ်သွားတာ။ သူတို့တွေက အခင်းဖြစ်တဲ့နေရာနားမှာနေကြတဲ့သူတွေပါ။ ဝင်တို-က်မိတဲ့ကားက တို-က်ပြီးမောင်းပြေးသွားတဲ့အနေအထားမှာရှိတယ်။ အခင်းဖြစ်နေရာမှာမတွေ့ဘူး”ဟု ကနောင်လူမှုကူညီရေးအသင်းမှ ကိုသူရိန်ကပြောသည်။ ဖြစ်စဥ်မှ မိခင်ဖြစ်သူမှာ ဦးခေါင်း၌ထိခိုက်ဒဏ် ရာ(စိုးရိမ်ရ)ရရှိခဲ့သဖြင့် ကနောင်လူမှုကူညီရေးအသင်းမှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ ဆောင်ပေးခဲ့သော်လည်း ဆေးရုံရောက်ပြီး ၁၅ မိနစ်ခန့်အကြာတွင် ေ-သဆုံးသွားခဲ့ကြောင်း သိရသည်။ Source link