နော်ဝေနိုင်ငံရဲ့ ကုမ္ပဏီတစ်ခုဟာ လေထုထဲက ကာဗွန်တွေကို စုပ်ယူပေးနိုင်မယ့် Continuous Swing Adsorption Reactor (CSAR) ကို တီထွင်စမ်းသပ်လျက်ရှိပါတယ်။ ကာဗွန်လျှော့ချနိုင်ရေးဆိုတာ စိမ်းလန်းစွမ်းအင်ရဲ့အန္တိမရည်မှန်းချက် ဖြစ်ပါတယ်။ အနာဂတ်မျိုးဆက်တွေအတွက် သင့်တင့်မျှတတဲ့ ရာသီဥတု ဖြစ်ပေါ်ဖို့အတွက်ဆိုရင် လူသားမျိုးနွယ်တွေဟာ တွင်းထွက်လောင်စာ အသုံးပြုမှုကို ရပ်တန့်နိုင်ရေးအတွက်တင်မကဘဲ လေထုထဲမှာ ရှိနေပြီးသားဖြစ်တဲ့ ကာဗွန်တွေကိုပါ စုပ်ယူဖို့ လိုအပ်နေပါတယ်။ နော်ဝေသုတေသနကုမ္ပဏီ SINTEF ရဲ့ သိပ္ပံပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေ တီထွင်တဲ့ နည်းပညာသစ်ကတော့ ဓာတ်ခွဲခန်းစမ်းသပ်မှုတွေမှာ အားရစရာဖြစ်ခဲ့ပြီး လက်တွေ့ကွင်းဆင်း စမ်းသပ်မှုတွေမှာလည်း ကျေနပ်လောက်တဲ့ ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ Continuous Swing Adsorption Reactor (CSAR) လို့ အမည်ပေးထားတဲ့ နည်းပညာဟာ လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်တွေကို စုပ်ယူဖို့ အပူပေးစက်နဲ့ လေစုပ်စက်ကို အသုံးပြုတာပါ။ […]