စစ်ကောင်စီနှင့် ဆွေးနွေးရန် ကမ်းလှမ်းလိုက်ခြင်းမှာ ပြည်သူများ ခက်ခဲ၊ တရုတ်က ဖိအားပေးနေခြင်းကြောင့် ဖြစ်သည်ဟု တအာင်းအမျိုးသားလွတ်မြောက် ရေးတပ်မတော် (PSLF/ TNLA) က ပြောသည်။ ဆွေးနွေးသည့်နည်းဖြင့် ကာလရှည် အကျပ်အတည်း ဖြေရှင်းနိုင်မည်ဟု TNLA ၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။ “အဓိကကတော့ ပြည်သူတွေရဲ့ အခက်အခဲ၊ အကျပ်အတည်း၊ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့ဖြစ်တယ်။ တစ်ဖက်မှာ လည်း တရုတ်အစိုးရရဲ့ ဖိအားတွေလည်း ပါလာတယ်။ နောက်တစ်ခုက တရုတ်အစိုးရက ဒီတွေ့ဆုံမှုကို အလေးထားလို့ ကျွန်မတို့ကလည်း အလေးထားပြီးမှ ဆောင်ရွက်တာဖြစ်ပါတယ်” ဟု လွေးယေဦးက ယနေ့ နိုဝင်ဘာ ၂၆ တွင် Myanmar Now ကို ပြောသည်။ “လက်ရှိအခြေအနေကတော့ ကျွန်မတို့ရဲ့ သဘောထားကို ထုတ်ပြန်တဲ့အဆင့်ပဲရှိပါသေးတယ်။ […]
Skip to content တရုတ် သိပ္ပံပညာရှင်တွေက အင်္ဂါဂြိုလ်မှာ သုတေသန လုပ်ဖို့အတွက် ပေါ့ပါးပြီး ပြန်လည်အားဖြည့်နိုင်တဲ့ ဘက်ထရီကို တီထွင်လိုက်ပါတယ်။ အဲဒီဘက်ထရီဟာ အင်္ဂါဂြိုလ်ရဲ့ လေထု ကနေ လျှပ်စစ် စွမ်းအင် ထုတ်လုပ်နိုင်ပြီး ဂြိုလ်ရဲ့ ပြင်းထန်တဲ့ အပူချိန်ကို ခံနိုင်ပါတယ်။ တရုတ် သိပ္ပံနဲ့ နည်းပညာ တက္ကသိုလ်မှ သုတေသနပညာရှင်တွေက ဘက်ထရီဟာ အင်္ဂါဂြိုလ် လေထု ကနေ စွမ်းအင် တိုက်ရိုက် ထုတ်လုပ်နိုင်ပြီး အရန် အနေနဲ့ နေရောင်ခြည် ၊ နယူးကလီးယား စွမ်းအင်ကနေ လျှပ်စစ် စွမ်းအင် ထုတ်လုပ်နိုင်တယ်လို့ ပြောပါတယ်။ ပညာရှင်တွေက ဘက်ထရီဟာ ၁,၃၅၀ နာရီကျော် အသုံးခံပြီး အင်္ဂါဂြိုလ်မှာ ၂ လ နီးပါး အသုံးပြုနိုင်တယ်လို့ […]