ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့ရဲ့ လေးမိုင်အကွာက စပေါ်ကျေးရွာနဲ့ ပင်တီယာကျေးရွာကြားမှာ ချင်းအမျိုးသားတပ်မတော် (CNA)၊ CDF မရာ ပူးပေါင်းတပ်နဲ့ မရာလဲန်း ကာကွယ်ရေးတပ်(MDF)၊ မဟာမိတ် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်တွေအကြား ယမန်နေ့ နိုဝင်ဘာ ၁၁ ရက်နေ့၊ မွန်းလွဲပိုင်းက တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ တိုက်ပွဲကြောင့် ပင်တီယာကျေးရွာက အရပ်သားတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး မွန်းလွဲ ၃ နာရီခန့်မှာ ဖြစ်ခဲ့တဲ့ အဲဒီတိုက်ပွဲမှာ နှစ်ဘက်ထိခိုက်မှုနဲ့ အကျအဆုံးများခဲ့တယ်လို့ CDF-Mara တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပေမဲ့ အတိအကျတော့ မသိရှိရသေးပါဘူး။ “ပင်တီယာကျေးရွာက အရပ်သား အမျိုးသမီးတစ်ယောက် ပွဲချင်းပြီး သေဆုံးကာ ကလေး သုံးယောက်ထက် မနည်း […]