ထိုင်းအစိုးရက ဖမ်းပြီးပြန်ပို့သူများကို စစ်ကောင်စီက တပ်သားသစ်အဖြစ် အတင်းအကျပ်စစ်မှုထမ်းခိုင်းခဲ့သည်။ မြိတ်မြို့မှ ပုလောမြို့နယ်သို့ ပင်လယ်ပြင်ခရီးမှာ ကိုဖြိုးအပါအဝင် လူငယ် နှစ်ဒါဇင်ကျော်အတွက် လွတ်မြောက်ရေးခရီး ဖြစ်လာလေသည်။ အချင်းချင်း တိုးတိတ်စွာ ညှိနှိုင်းကြပြီးနောက် စစ်ကောင်စီတပ်သားနှစ်ဦးထံမှ ရိုင်ဖယ် သေနတ်ကို လုမည်၊ သူတို့ကို မသတ်ဘဲ ရေထဲခုန်ချခိုင်းကာ လှေကိုအပိုင်စီးကြမည်ဟု ဆုံးဖြတ်လိုက်ကြကြောင်း ကိုဖြိုးက ပြန်ပြောပြသည်။ “အဲဒီမှာ ရုန်းရင်းဆန်ခတ်ဖြစ်တယ်ပေါ့။ ကျွန်တော်တို့ သေနတ်ကို မပစ်ဘူးဗျ။ လုပဲလုတာ။ ထလာတဲ့သူကို ကျွန်တော်တို့ ဝိုင်းထုတယ်ပေါ့။ သေနတ်ဒင်နဲ့သုံးတယ်ဗျ။ ဝိုင်းထုတော့ (အသက်ကြီးတဲ့စစ်သား) အဘိုးကြီးက ပြန်ခုခံတယ်ဗျ။ သူက သေနတ်ကို ပြန်လုတော့ သေနတ်က သူ့လက်ထဲရောက်သွားတယ်” ဟု ကိုဖြိုးက ပြောသည်။ ထိုအခါတွင် သေနတ်ကျည်ထွက်သွားပြီး လူငယ်တစ်ဦးကို ထိသွားသည်။ ယင်းနောက် ကျန်လူငယ်များသည် […]
နှစ်လနီးပါးကြာ တိုက်ယူခဲ့ရတဲ့ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအပြီးမှာ အောင်ပွဲနဲ့ပြန်လာတဲ့ စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ ဒီပဲယင်းမြို့နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို လမ်းတစ်လျှောက်မှာ ဒေသခံတွေက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။ တစ်ဖက်မှာလည်း မြို့သိမ်းတိုက်ပွဲအတွင်းမှာ အသက်ပေးလိုက်ရတာကြောင့် အိမ်ပြန်ခရီးမှာ ပြန်မလာနိုင်တော့တဲ့ တပ်ဖွဲ့ဝင်တွေလည်း ရှိနေပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကွပ်ကဲမှုအောက်က တပ်ရင်းတပ်ဖွဲ့တွေ များစွာပါဝင်တိုက်ခိုက်ခဲ့ကြတဲ့ ပင်လည်ဘူးမြို့တိုက်ပွဲအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၅၀ ကျော် ကျဆုံးခဲ့တယ်လို့ အဲ့ဒီတိုက်ပွဲမှာ ပါဝင်ခဲ့သူတွေက ပြောပါတယ်။ အောင်ပွဲရ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို အောင်သပြေပန်းတွေနဲ့ ကြိုဆိုကြတဲ့ ဒေသခံတွေထဲမှာ ရွှေဘိုမြို့နယ် အနောက်ခြမ်းက အမျိုးသမီးတစ်ဦးလည်း ပါဝင်ပါတယ်။ သူမရဲ့ မောင်ဖြစ်သူကတော့ အိမ်ပြန်ခရီးမှာ ပြန်ပါမလာခဲ့ပါဘူး။ “ကျွန်မမောင်လေးက တိုက်ပွဲအတွင်းမှာ ကျဆုံးခဲ့ပါတယ်။ ပြန်လာတဲ့ ရဲဘော်တွေအားလုံးကို ဝမ်းမြောက်ဝမ်းသာနဲ့ ကြိုဆိုနေကြတဲ့အချိန် ကျွန်မမောင်လေး ပါမလာတဲ့အတွက် […]