တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာအုပ်စုကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အောက်တိုဘာ ၁၂ ရက်မှ အောက်တိုဘာ ၁၉ ရက်အထိ တစ်ပတ်ကြာ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ဒေသခံ ရုပ်အလောင်း ငါးလောင်း တွေ့ရှိရသည်။ စစ်တပ်၏ သတ်ဖြတ်မှုကြောင့် သုံးဦး ၊ တိုက်ပွဲဖြစ်ပွားစဉ် စစ်တပ်က ပစ်ခတ်သည့် သေနတ်ကျည်ဆန် ထိမှန်၍ တစ်ဦး ၊ ကြောက်လန့်ပြီး နှလုံးရောဂါဖြင့် တစ် ဦး တို့ သေဆုံးသွားကြသည်ဟု ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ် ကော်မတီ (DMSC) ထားဝယ်ခရိုင်က ထုတ်ပြန်ထားသည်။သေဆုံးသူများမှာ ကဒက်ငယ်ထိန် ရွာသား ကိုမင်းအောင် (ခ) ကိုကန်းကန်း (၃၀ နှစ်) ၊ ကဒက်ငယ်ထိန် ရွာမှ ဒေါ်ခင်မြင့် (ခ) ဒေါ် […]