အောက်တိုဘာလ ၂၉ ရက်နေ့၌ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးသာ ထိခိုက်ကျဆုံးခဲ့သော်လည်း Khit Thit Media မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၁၅ ဦး သေဆုံးခဲ့တယ်ဆိုပြီး အရှက်မဲ့စွာ လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။ Related Source link
ပြည်၊ နိုဝင်ဘာ ၃ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှု သတင်းများကို ပြည်ပသို့ ပေးပို့ ရောင်းစားနေသည့် သက်ဝေလင်း ဆိုသူအား ဖမ်းဆီးရမိကြောင်း သိရသည်။ သက်ဝေလင်း ဆိုသူအား ပြည်သာယာရပ်ကွက်ရှိ Mayတည်ခိုခန်းတွင် လုံခြုံရေးတပ်ဖွဲ့ မှဝင်ရောက်ဖမ်းဆီးထိန်းသိမ်းခဲ့ရပြီး ဆက်စပ်သူများကိုလည်း ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရပါသည်။ လုံခြုံရေးသတင်းများကို ပြည်ပပေးပို့ ရောင်းစားသူများအား တရားဥပဒေနှင့်အညီ အမှုဖွင့်အရေးယူနိုင်ရေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ Join – https://t.me/MyanmarNationalPost Source link