နိုဝင်ဘာ ၂၀ ရက်နေ့တွင် နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် ကိုးဒစ်ခြောက်အိမ်စု ကျေးရွာအတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ကျေးရွာဘုန်းကြီးကျောင်း တောင်ကုန်းအနီးမှ အမ်(၁၆) -၁ လက်ကျည်အိမ် -၂ ခုကျည် -၂၀ တောင့် တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ Source link
အောက်တိုဘာ ၁၈ ရက်(ယနေ့) ညနေ ၃ နာရီချိန်ခန့်တွင် နယ်မြေရှင်းလင်းစစ်ကြောင်းသည် နခခ(၅)၏ မြောက်ဘက်ခြံစည်းရိုးနှင့် မီတာ ၁၁၀၀ အကွာခန့်တွင် လက်နက်ပစ္စည်းအချို့ ထပ်မံသိမ်းဆည်းရရှိခဲ့ –(၁) တရုတ်စက်လတ် ၁ လက်(၂) ၅၀ တောင့်ပါ ကျည်ခါးပတ်တွဲ ၁ ခု(၃) ၇.၆၂ ကျည် ၁၀၀ တောင့်(၄) RPG ဗုံးသီး ၃ လုံး (၅) ဦးထုပ် ၁ လုံး၊ တူရွင်း ၆ ချောင်း အောက် ၁၈ ရက် (ဒီနေ့)အဖိုကတော့ မိမိဘက်ထိခိုက်မှုမရှိဘဲ ရန်သူ့လက်နက် ၁၁ လက် ရရှိထားပါတယ်။ […]
RNA_အောက်တိုဘာ(၁၇)၊၂၀၂၄ ခုနှစ်။ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ လေးကေ့ကော်မြို့သစ်အနီး စစ်ကောင်စီ၏ စွယ်တော်ကုန်း (အမြောက်ကုန်း) ကို ယနေ့ (အောက်တိုဘာ ၁၇ ရက်) နံနက်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များက သိမ်းပိုက်ရရှိခဲ့ရာ လက်နက်ခဲယမ်းများပါ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။ Photo : Cobra Column Fundraising Team မြဝတီမြို့ တောင်ဘက်၊ လေးကေ့ကော်မြို့သစ်အနီး တခုတည်းကျန်ရှိနေသော စစ်ရေးအရ အရေးပါသည့် စစ်ကောင်စီ၏ ဗျူဟာကုန်းကို ရရှိထားပြီဖြစ်သည့်အတွက် လေးကေ့ကော်ကို ပြန်ရရှိခြင်း ဖြစ်သည်ဟု ပြောကြားနေကြသည်။ #RedNewsAgency #RNA Source link
RNA_အောက်တိုဘာ(၁၆)၊၂၀၂၄ခုနှစ်။ ရှမ်းမြောက်၊ သီပေါမြို့သိမ်းပိုက်နိုင်ရေး တိုက်ပွဲ (၂) လကျော်ကြာအတွင်း စစ်ကောင်စီ၏ ဟောင်ဝစ်ဖာလက်နက်ကြီးအပါအဝင် လက်နက်မျိုးစုံ (၁၅၅)လက်၊ 60 MM (၇)လက်၊ 81 MM (၁)လက်၊ RPG (၂)လက်၊ စက်လက် (၉)လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ ရှင်းလင်းသိမ်းဆည်းရမိကြောင်း သိရသည်။ သီပေါမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်းများကို တအာင်းတပ်မတော် PSLF/TNLA မှ ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အတွင်း ဇူလိုင်လ ၂၀ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး၊ (၂)လကျော်အကြာ အောက်တိုဘာ ၁၃ ရက်နေ့ထိ စစ်ကောင်စီတပ်စခန်းများဖြစ်ကြသည့် ခမရ (၅၀၃)၊ ခမရ(၅၀၄)နှင့် ခလရ(၂၃)တပ်စခန်း၊ ရဲစခန်းအပါအဝင် အစိုးရဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့သည်ဟု အောက်တိုဘာ ၁၅ ရက်နေ့တွင် TNLA ကထုတ်ပြန်ထားသည်။ […]