ylliX - Online Advertising Network

ဖာပွန် တိုက်ခိုက်မှုတွင် စစ်သား ၁၇ ဦး တော်လှန်ရေးတပ်များထံ လက်နက်ချ – Myanmar Now

ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်မြို့နယ်အတွင်းရှိ ခေါပုတ်စစ်စခန်းမှ ဆုတ်ခွာသွားသည့်  စစ်ကောင်စီတပ်များကို ကရင်လက်နက်ကိုင်တပ် KNU ဦးဆောင်သည့်  တော်လှန်ရေးတပ်ပေါင်းစုက ယမန်နေ့(နိုဝင်ဘာ၃)တွင် ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၁၄ ဦးသေဆုံး၊ ၁၇ ဦး အရှင်ဖမ်းမိသည်ဟု မြေပြင်စစ်ရေး သတင်းအရင်းအမြစ်များက ဆိုသည်။  စစ်သားများသည် စခန်းကိုစွန့်ခွာပြီးနောက် မြို့တောင်ဘက်ရှိ အခြေချစစ်ဗျူဟာသို့ ဆုတ်ခွာစဉ် ကြားဖြတ်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း မြေပြင်စစ်ရေးသတင်းများကဆိုသည်။ သုံ့ပန်းများအနက် တပ်ခွဲမှူးအဆင့်ရှိ ဗိုလ်ကြီးသုံးဦးလည်းပါဝင်သည်ဟု ယင်းတိုက်ပွဲတွင်ပါဝင်သည့်  ဗမာပြည်သူ့လွတ်မြောက်ရေးတပ် (BPLA) ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက ပြောသည်။ တော်လှန်ရေးတပ်များသည်  ဖာပွန်ရှိစစ်စခန်းများကို လနှင့်ချီကြာပိတ်ဆို့ထားပြီး စခန်းသိမ်းတိုက်ပွဲများ  ဆင်နွှဲနေကြောင်း၊ ခေါပုတ်စခန်းသိမ်းတိုက်ပွဲအတွင်း  ၎င်းတို့တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ကြောင်းလည်း သူက ဆက်ပြောသည်။ BPLA က ထုတ်ပြန်ခဲ့သည့် သုံ့ပန်း ရရှိမှု   ရုပ်သံမှတ်တမ်းတွင်  ဒဏ်ရာရ […]

ပြည်သူ့စစ်တွေ KIA ဆီမှာ လက်နက်ချ၊ BGF နဲ့ပြည်သူ့စစ်တွေ ကန်ပိုင်တည်ကို စွန့်ခွာထွက်ပြေး – THE 74 MEDIA

(တစ်ပတ်တာတိုက်ပွဲသတင်း) ပြီးခဲ့တဲ့ ရက်သတ္တပါတ်ကတော့ ကချင်အထူးဒေသ (၁) နယ်ခြားစောင့်တပ်ကြီးစိုးနေတဲ့ ဒေသက ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာ KIA ဆီမှာ လက်နက်ချအလင်းဝင်ခဲ့သလို ကန်ပိုင်တည်မြို့က နယ်ခြားစောင့်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာလည်း မြို့ကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်သွားကြပြီး ဗန်းမော်နဲ့မိုးမောက်မြို့ကြားမှာ ၇ မိုင်မှာ တစ်ကျော့ပြန်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။ Post navigation Source link