၇.၁၁. ၂၀၂၄Translated by Htwe Ko Tun ဗီယက်နမ်လေတပ်မှ Yak-130 လေယာဉ်တစ်စီးမှာ ကမ်းရိုးတန်း ဘင်ဒင်းပြည်နယ်အတွင်း နိုဝင်ဘာလ ၆ ရက် နံနက်ပိုင်းက လေ့ကျင့်ပျံသန်းနေစဉ် ပျက်ကျမှုဖြစ်ပွားခဲ့သော်လည်း လေသူရဲနှစ်ဦးက လေထီးဖြင့်ခုန်ချလွတ်မြောက်ခဲ့ပြီးနောက် နှစ်ဦးလုံးကို ညပိုင်းတွင် တောင်ထိပ်တစ်ခုအနီး၌ ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ လေယာဉ်ကို ဗီယက်နမ်လေတပ်မှ ဗိုလ်မှူးကြီးနှင့် ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ လေသူရဲနှစ်ဦးက မောင်းနှင်လာကြခြင်းဖြစ်ပြီး လေယာဉ်ပျက်ကျမှုတွင် ၎င်းတို့နှစ်ဦးလုံးက လေထီးဖြင့် ခုန်ဆင်းလွတ်မြောက်ခဲ့ကြသည်။ ညနေ ၄ နာရီခွဲတွင် လေသူရဲတစ်ဦးဖြစ်သည့် ဒုတိယဗိုလ်မှူးကြီး ငုရင် ဟုန်ကွမ်က လက်ကိုင်ဖုန်းဖြင့် တပ်ဖွဲ့သို့ဆက်သွယ်ကာ ၎င်းမှာ တောင်ထိပ်တစ်ခုတွင်ရှိနေကြောင်းနှင့် ရှိမည့်နေရာအား ညွှန်ပြခဲ့သည်။ လိုင်းမကောင်းမှုများကြောင့် ၎င်း၏တည်နေရာကို တိကျစွာမသိခဲ့ရသော်လည်း ရှာဖွေရေးအဖွဲ့ က ၎င်းအား ည ၈ […]