ခန္ဓာကိုယ် အောက်ပိုင်းကြွက်သားတွေ တောင့်တင်းကြံ့ခိုင်ဖို့ ဘယ်လေ့ကျင့်ခန်းတွေ လုပ်ရမလဲ ခေါင်းစားနေပြီလား ? အောက်ပိုင်း မာဆယ်တွေ ကျစ်ကျစ်လစ်လစ်နဲ့ ကြံ့ခိုင်သန်မာလာစေဖို့အတွက်ဆို ကွီးတို့ အထိရောက်ဆုံး ကစားနိုင်မယ့် လေ့ကျင့်ခန်းနည်းတွေ အများကြီး ရှိပါတယ်။ ဒီထဲကမှ Beginners Levels တွေအတွက် အောက်ပိုင်း ကြွက်သားတွေရဲ့ Strength နဲ့ Power ကို တိုးစေပြီး Muscle Mass တက်စေမယ့် အကောင်းဆုံး လေ့ကျင့်ခန်း နည်းတွေကို မျှဝေပေးပါမယ်။ (၁) Bulgarian Split Squat Photo : Men’s Journal Flat Bench သို့မဟုတ် ခုံ တစ်လုံးပေါ်မှာ ခြေဖျားကို တင်ပြီး မတ်တပ်ရပ်ပါ။ ထို့နောက် ခြေထောက်ကို ကြမ်းပြင်နဲ့ ထိလုနီးပါးအထိ […]
ကယ်လိုရီ လောင်ကျွမ်းမှုကို မြှင့်တင်ပေးပြီး ကြွက်သားတွေ ကျစ်လစ်သန်မာစေဖို့အတွက် အကောင်းဆုံး လေ့ကျင့်ခန်းသုံး ကိရိယာလို့ ပြောရင် Dumbbell တွေကို မေ့ထားလို့ မရတာ အမှန်ပါပဲ။ အလေးတုံးတွေ ရှိရုံနဲ့ ကွီးတို့ အိမ်မှာပဲ အားလပ်ချိန်တိုင်းမှာ လွယ်လွယ်ကူကူ လေ့ကျင့်ခန်း ပြုလုပ်လို့ ရပါတယ်။ ဒီတစ်ခေါက်တော့ အလုပ်များတဲ့ ကွီးတို့အတွက် အချိန် ၁၅ မိနစ် လောက် ပေးပြီး ကစားမယ်ဆိုရင်ပဲ ကြွက်သားကျစ်လစ်တဲ့ အမိုက်စား ဘော်ဒီရရှိလာစေမယ့် အထိရောက်ဆုံး လေ့ကျင့်ခန်း နည်းတွေကို မျှဝေပေးချင်ပါတယ်။ (၁) Dumbbell Split Squat Source : STYRK Dumbbell Split Squat ကစားနည်းကတော့ Lunge လေ့ကျင့်ခန်းရဲ့ ပုံစံကွဲ တစ်ခုပါပဲ။ အရေးကြီးဆုံး […]
လိင်မှုကိစ္စဟာ အကောင်းဆုံး ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတစ်ခုလို့ ပြောရင် ကွီးတို့ ငြင်းနိုင်မလား ? ချစ်တင်းနှော ခြင်းဟာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ ကောင်းကျိုးတွေ များစွာ သက်ရောက်စေပြီး ခန္ဓာကိုယ်ကို လန်းဆန်း တက်ကြွစေဖို့ အထောက်အကူ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ချစ်တင်းနှောတာဟာ အကောင်းဆုံး လေ့ကျင့်ခန်း တစ်ခု ဖြစ်နိုင်တဲ့ အကြောင်းအရင်း အချို့ကို ပြောပြပေးပါမယ်။ (၁) နှလုံးခုန်နှုန်းကို တိုးစေတယ် Photo : VistaCreate ချစ်တင်းနှော ခြင်းဟာ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို မြှင့်တင်ပေးပြီး နှလုံးကြွက်သာတွေကို သန်မာလာစေဖို့ အထောက်အကူ ဖြစ်စေပါတယ်။ ဒါ့အပြင် သွေးစီးဆင်းမှု တိုးစေတဲ့အတွက် ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးသို့ အောက်ဆီဂျင် ထောက်ပံ့မှု တိုးတက်စေပြီး ကိုယ်ခံအားစနစ်ကိုလည်း […]
ဝမ်းဗိုက်ဟာ အဆီစုလွယ်သလောက် အဆီပိုတွေကို ဖယ်ရှားရာမှာ အခက်အခဲဆုံး ဖြစ်ပါတယ်။ ဝမ်းဗိုက်မှာ အဆီတွေ စုလာရင် ခန္ဓာကိုယ်က လေးလံထိုင်းမှိုင်းပြီး လှုပ်ရှားသွားလာရ ခက်ခဲလာမှာပါ။ ဒီဆောင်းပါးလေးမှာတော့ ဝမ်းဗိုက်က အဆီပိုတွေကို ဖြုတ်ချပြီး ဗိုက်ကြွက်သား တွေ ထွက်လာစေမယ့် ထိရောက်တဲ့ လေ့ကျင့်ခန်းတွေကို ပြောပြပေးချင်ပါတယ်။ (၁) Plank Photo : Men’s Health ဗိုက်ကြွက်သား ထွက်လာဖို့ Plank လေ့ကျင့်ခန်းတွေကိုလည်း မေ့မထားသင့်ပါဘူး။ Plank ထောက်တဲ့အခါ ဝမ်းဗိုက်ကို တင်းကြပ်စွာ ထိန်းထားရတာ ဖြစ်တဲ့အတွက် Abs ကြွက်သားတွေကို တော်တော်လေး ထိရောက်မှု ရှိစေပါတယ်။ (၂) Mountain Climbers Photo : BarBend အမိုက်စား Six Pack ဗိုက်ကြွက်သား […]