RNA_နိုဝင်ဘာ(၁၁)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ် (၇) ၅၀၀ ပြည့်ရပ်ကွက်အတွင်း သန်းခေါ်စာရင်းကောက်ယူရန် ပြုလုပ်နေသော စစ်ကောင်စီလက်အောက်ခံ (၅၀)ဦးခန့်အား နိုဝင်ဘာ ၁၀ ရက်နေ့ က ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ #RedNewsAgency #RNA #REDNEWS #AhNyar Source link
အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတအသစ်ဖြစ်လာတဲ့ ဒေါ်နယ်ထရမ့်ဟာ ရွေးကောက်ပွဲမှာ အနိုင်ရလိုက်ပြီးတဲ့နောက် သူပိုင်ဆိုင်တဲ့ Trump Media & Technology Group ရှယ်ယာတွေ စံချိန်တင်မြင့်တက်လာခဲ့တယ်လို့ နယူးယောက်က ငွေကြေးလုပ်ငန်း ဗဟိုဈေးကွက် (Wall Street) ရဲ့ အချက်အလက်တွေ အရ သိရပါတယ်။ ရွေးကောက်ပွဲအပြီး ပထမဆုံးရုံးဖွင့်ချိန်မှာ ထရမ့်ရဲ့ ရှယ်ယာတွေဟာ ၃၅ ရာခိုင်နှုန်း တက်လာခဲ့ပြီး ကုမ္ပဏီရဲ့ စျေးကွက်တန်ဖိုးဟာ ဒေါ်လာ ၉ ဘီလီယံအထိ ရောက်ရှိခဲ့ပါတယ်။ ထရမ့်ရဲ့ ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံ တန်ကြေးရှိတဲ့ ပုဂ္ဂိုလ်ရေးပိုင်ဆိုင်မှု အစုရှယ်ယာပေါင်း ၁၁၄ ဒသမ ၇၅ သန်းရဲ့ တန်ဖိုးဟာ ရွေးကောက်ပွဲနေ့မှာ ၅ ဒသမ ၃ ဘီလီယံအထိ […]
အမေရိကန်ပြည်ထောင်စုမှာ လာမယ့် နိုဝင်ဘာ ၅ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် လူပေါင်း ၅၃ သန်းကျော်ဟာ ကြိုတင်မဲပေးပြီးသွားပြီလို့ ဖလော်ရီဒါတက္ကသိုလ်ရဲ့ ကြိုတင်မဲ စောင့်ကြည့်လေ့လာမှု အချက်အလက်တွေအရ သိရပါတယ်။ မဲပေးပိုင်ခွင့်ရှိသူ ၁၈၆ သန်းကျော်ရှိတဲ့ အနက် ၅၃ သန်းကျော်က ကြိုတင်မဲပေးခဲ့တာကြောင့် မဲပေးပိုင်ခွင့်ရှိသူ သုံးပုံတစ်ပုံနီးပါးက ကြိုတင်မဲ ပေးခဲ့ကြတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ သမ္မတလောင်းတွေဖြစ်ကြတဲ့ ဒီမိုကရက်တစ်ပါတီက ကမ်မလာဟဲရစ်နဲ့ ရီပတ်ဘလီကန်ပါတီက ဒေါ်နယ်ထရမ့်တို့ကတော့ ရွေးကောက်ပွဲမတိုင်ခင်နောက်ဆုံးပတ်မှာ မဲဆွယ်စည်းရုံးမှုတွေကို တောက်လျှောက်ဆိုသလို လုပ်ဆောင်နေပါတယ်။ လက်ရှိပေးပြီးသွားတဲ့ ကြိုတင်မဲတွေထဲက ၃၉ ရာခိုင်နှုန်းဟာ ဒီမိုကရက်ပါတီအဖြစ် မှတ်ပုံတင်ထားသလို ၃၆ ရာခိုင်နှုန်းကတော့ ရီပတ်ဘလီကန်ပါတီအဖြစ် မှတ်ပုံတင်ထားတယ်လို့လည်း အချက်အလက်တွေအရ သိရပါတယ်။ ဒါ့အပြင် […]
လာမယ့် နိုဝင်ဘာ ၅ ရက်နေ့မှာ ကျင်းပတော့မယ့် အမေရိကန်ပြည်ထောင်စုရဲ့ ရွေးကောက်ပွဲဟာ နှစ်ပတ်ဝန်းကျင်ပဲလိုပါတော့တယ်။ ဒါပေမဲ့ သမ္မတလောင်းတွေဖြစ်ကြတဲ့ ဒီမိုကရက်တစ်ပါတီက ကမ်မလာဟဲရစ်နဲ့ ရီပတ်ဘလီကန်ပါတီက ဒေါ်နယ်ထရမ့်တို့နှစ်ယောက်မှာ ဘယ်သူနိုင်မလဲဆိုတာ အခုအချိန်ထိ ကြိုတင်ခန့်မှန်းဖို့ ခက်နေဆဲဖြစ်တယ်လို့ အမေရိကန်နိုင်ငံရေးကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ မီချီဂန်၊ ပန်ဆယ်ဗေးနီးယားနဲ့ ဝစ်စ်ကွန်ဆင် စတဲ့နေရာတွေဟာ ဒီမိုကရက်တွေအတွက် အောင်မြေတွေဖြစ်ပါတယ်။ အဲဒီနယ်မြေတွေမှာ ဒီမိုကရက်တွေ အမြဲအနိုင်ရလေ့ရှိတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။ ဒါပေမဲ့ အဲဒီနယ်မြေတွေမှာကိုပဲ အကြိုစစ်တမ်းရလဒ်တွေအရ ဟဲရစ်ဟာ ထရမ့်ထက် တစ်မှတ်လောက်ပဲ အသာရနေတဲ့ အနေအထားဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၄ အမေရိကန်ရွေးကောက်ပွဲဟာ ဘယ်လောက်ပြိုင်ဆိုင်မှု ပြင်းထန်မယ်ဆိုတာကို တွေ့မြင်နိုင်သလို ဘယ်သူနိုင်သွားမလဲဆိုတာ ခန့်မှန်းဖို့မလွယ်ကူတဲ့ အခြေအနေဖြစ်စေပါတယ်။ အဲဒီပြည်နယ်သုံးခုမှာ အခုလိုဖြစ်တာက နှစ်ပေါင်း […]
RNA_အောင်တိုဘာ(၁၄)၊၂၀၂၄ခုနှစ်။ စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား မဆန့်ကျင်ပါက ဖြစ်ပေါ်လာမည့် နိုင်ငံရေးအခင်းအကျင်းနှင့် အပြောင်းအလဲသည် စစ်တပ်အသာစီးရသည့် နိုင်ငံရေးအခင်းအကျင်းဖြစ်သွားနိုင်သည့် အလားအလာရှိသည်ဟု ဆိုရှယ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ရဲဘော်ကျော်ကိုကိုက ပြောကြားထားသည်။ Red News Agency Source link