ယနေ့(နိုဝင်ဘာ ၁၈)နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ကျီကျင်းရွာအနီး ခရီးသည်တင်ယာဉ်တန်း ဒရုန်းဖြင့်ဗုံးကြဲချတိုက်ခိုက်ခံရသဖြင့် ခရီးသည်လေးဦးထက်မနည်း သေဆုံး၊ ရှစ်ဦးခန့်ဒဏ်ရာရခဲ့သည်၊ စစ်ကောင်စီတပ်၏ လက်ချက်ဖြစ်နိုင်သည်ဟု ဒေသတွင်းလက်နက်ကိုင်အဖွဲ့များက ပြောသည်။ ကန့်ဘလူတောင်ပိုင်း၊ ရွှေဘို – မြစ်ကြီးနားလမ်းပေါ် တိုက်ခိုက်မှုအတွင်း သေဆုံးသူများထဲတွင် ရဟန်းတစ်ပါး ပါဝင်သလို ဒဏ်ရာရသူများအနက် နှစ်ဦးမှာစိုးရိမ်ရကြောင်း၊ ခရီးသည်တင်ယာဉ်နှစ်စီး ထိမှန်ခဲ့ပြီး ငွေတိုးမန်းယာဉ်လိုင်းမှ မော်တော်ယာဉ် ဆိုးဆိုးရွားရွား ပျက်စီးသည်အထိ တိုက်ခိုက်နမှု ပြင်းထန်ကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းအရင်းအမြစ်က ဆိုသည်။ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ရာလမ်းဖြစ်သည့် ရွှေဘို – မြစ်ကြီးနား လမ်းပိုင်းသည် ဆက်သွယ်ရေးအရ အချက်အချာကျပြီး ကန့်ဘလူမြို့နယ်အတွင်း ဖြတ်သန်းသွားသည့် ထိုလမ်းပိုင်း အချို့နေရာများတွင် တော်လှန်ရေးအင်အားစုက နယ်မြေစိုးမိုးထားသည်။ ထိုတိုက်ခိုက်မှုသည် ကျီကျင်းရွာ အနောက်မြောက်ဘက် ခြောက်မိုင်ခန့်အကွာ ဇီးကုန်းမြို့ […]